အပိုင်း ၉၂၃ : နောက်ယောင်ခံလိုက်ခြင်း

274 29 0
                                    

စာစဥ် ၄၈ : အပိုင်း ၁၃

အပိုင်း ၉၂၃ : နောက်ယောင်ခံလိုက်ခြင်း

ဝမ်လင်း၊ ရှီထျန်းဟောင်နှင့် ကျန်သောသူများတို့၏ အရှေ့တွင် ဧရာမ ချောက်ကြီးတစ်ခု ပေါ်လာခဲ့သည်။ ထိုချောက်သည် သာမန်မျက်စိဖြင့် အဆုံးကို မမြင်ရပဲ အလွန်အမင်းကို နက်ရှိုင်းသည်။

ထိုချောက်၏ ဟနေသော အဝမှ ငုံ့ကြည့်လိုက်သောအခါ သူတို့သည် အမှောင်ထုများကိုသာ တွေ့ရပြီး အောက်ခြေတွင် အလင်းတန်း မှုန်ပြပြလေးသာ တွေ့လိုက်ရ၏။ သန့်စင်သော ကမ္ဘာဦး သံလိုက်စွမ်းအားများမှလွဲ၍ အခြားကျန်သော အရာများ မရှိချေ။

ဤကဲ့သို့သော ပြင်းထန်လှသည့် ကမ္ဘာဦး သံလိုက်စွမ်းအားများကြောင့် ဝမ်လင်းသည်ပင်လျှင် သူ၏ သဘာဝလွန် အသိစိတ်ဖြင့် ထောက်လှမ်းနိုင်စွမ်း မရှိခဲ့ပေ။

အားလုံးတို့ကလည်း ချောက်ကမ်းပါးဝတွင် ရပ်နေကြရင်း သူတို့၏ သဘာဝလွန် အသိစိတ်များကို အသုံးပြု၍ ထောက်လှမ်းနိုင်စွမ်းတို့သည် လျှင်မြန်စွာနှင့် ကျဆင်းလာခဲ့ကြသည်ကို ခံစားနေကြရသည်။

သို့တိုင်အောင် ဝမ်လင်းနှင့် ရှီထျန်းဟောင်တို့သည် အဝေးမှ ကောင်းကင်ယံသို့ ကြည့်လိုက်ကြကာ တစ်စုံတစ်ခုကို သူတို့၏ ရင်အတွင်းမှ ခံစားမိလိုက်ကြသည်။

သို့သော်လည်း ထိုခံစားချက်သည် လျှပ်တပြက် အတွင်းတွင် ပျောက်သွားခဲ့ကာ သူတို့က နောက်ထပ်ရှာဖွေရန် ကြိုးစားခဲ့ကြသော်လည်း မတွေ့ခဲ့ရတော့ပေ။

သူတို့နှစ်ယောက်သည် အချင်းချင်း ကြည့်လိုက်ကြာကာ ရှီထျန်းဟောင်က တိုးတိုးလေး ပြောလိုက်သည်။ "ဝင်ရိုးစွန်း သံမဏိ သတ္တုတွင်းရဲ့ ဝင်ရောက်နှောင့်ယှက်မှုကြောင့် သူက ကျွန်တော်တို့ရဲ့ အာရုံခံမှုကို ရှောင်ရှားနိုင်ခဲ့တယ်… သူက အနည်းဆုံးတော့ အင်မော်တယ်ဝိညာဥ် ဒုတိယ အဆင့်က လူသားကျင့်ကြံသူ ဒါမှမဟုတ် မသေဝိညာဥ် ဒုတိယအဆင့်က မိစ္ဆာတစ်ကောင် ဖြစ်ရမယ်"

ဝမ်လင်းသည် သူ၏ခေါင်းအား ညိတ်လိုက်ကာ ပြောလိုက်သည်။ "ငါတို့က ဝင်ရိုးစွန်း သံမဏိ သတ္တုတွင်း အတွင်းကို ရောက်သွားပြီးရင်တော့ အသာစီး ရသွားနိုင်လိမ့်မယ်"

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၄) UnicodeWhere stories live. Discover now