အပိုင်း ၈၀၃ မှ ၈၀၆

361 38 1
                                    

စာစဥ် ၄၂ : အပိုင်း ၁၃

အပိုင်း ၈၀၃ : တစ်ဖွဲ့တည်း မဟုတ်ပေ

ရှင်းလုံစန်းသည် သာမန်ကဲ့သို့သာ တည်ငြိမ်နေခဲ့သည်။ သူသည် စံအိမ်အပြင်သို့ ကြည့်လိုက်ရာ သူ၏ အကြည့်သည် ဟင်းလင်းပြင် လေဟာနယ်ကို ကျော်ဖြတ်သွားခဲ့ကာ ခွန်းလွန်တောင်ဘက်သို့ ရောက်သွားခဲ့သည်။

သူရှိနေသော စံအိမ်သည် အလွန်ကို ရိုးရှင်းစွာနှင့် ပြင်ဆင်ထားသည်။ စားပွဲများ၊ ခုံများ မရှိပဲ ကြမ်းပြင်ပေါ်တွင် ဖျာအချို့သာ ရှိနေသည်။ သို့သော်လည်း ရှင်းလုံစန်း၏ အနောက်မှ နံရံတွင် ဓားအမာရွတ် သုံးခုရှိနေသည်။

ထိုဓားအမာရွတ် သုံးခုတို့သည် မထူးခြားနေကြပေ။ သာမန် အခြေခံအုတ်မြစ် အဆင့်မှ ဓားကျင့်ကြံသူ တစ်ယောက်ကပင် ထိုထက်ပို၍ ကြောက်မက်ဖွယ်ရာ ကောင်းနေသော ဓားအမာရွတ်များကို ဖန်တီးနိုင်မည် ဖြစ်သည်။

သို့သော်လည်း နံရံပေါ်မှ ဓားအမာရွတ် သုံးခုတို့သည် အသက်ရှိနေသည့်အလား အနည်းငယ် ရွေ့လျားသွားခဲ့၏။

"ယုကျင်းတောင်က ဘာဖြစ်လို့ ကိုယ့်ကိုယ်ကိုယ် ရုတ်တရက် ဖော်ပြခဲ့တာလဲ" ညာဘက် ဓားအမာရွတ်မှနေ၍ အသံတစ်ခု ထွက်လာခဲ့သည်။ ထိုအသံသည် သတ္တုနှစ်စက အချင်းချင်း ပွတ်တိုက်ရာမှ ထွက်လာသော အသံနှင့် တူနေသည်။ သို့သော်လည်း တစ်ချိန်တည်းတွင်ပင် မိုးခြိန်းသံနှင့်လည်း တူနေခဲ့၏။

ရှင်းလုံစန်းက ပြန်ပြောလိုက်သည်။ "ပုံမှန်ဆိုရင် ယုကျင်းတောင်က ဟင်းလင်းပြင် အတွင်းက ထွက်လာတဲ့ အချိန်မှာ အမြဲတမ်း ထူးခြားတဲ့ အကြောင်းရင်းတစ်ခု ရှိတယ်.. ဒါပေမဲ့ ဒီတစ်ခေါက်မှာ ဘာသတင်းမှ မကြားရဘူး.. တစ်ခုခု အပြောင်းအလဲ ဖြစ်နေတယ်နဲ့ တူတယ်"

"အခုအချိန်မှာ သူတော်စင် ကောင်းကင်ဓားက ယုကျင်းတောင်ပေါ်မှာ ကောင်းကင်ဖျက်ဆီးဓား ရှိနေတယ် ဆိုတာကို ရေးရေးလေး အာရုံခံမိနေတယ်" ရှင်းလုံစန်းက ပြောလိုက်သည်။ "အရင်က ယုကျင်းတောင်က မဟာကမ္ဘာ အတွင်းကို ကျဆင်းလာတဲ့ အချိန်မှာ သူတော်စင် ကောင်းကင်ဓားက သူ့ကို အာရုံခံလို့ မရခဲ့ဘူး.. ဘာဖြစ်လို့လဲဆိုတော့ လင်းဖုန်းက ကောင်းကင်ဖျက်ဆီး ဓားကို ကျင့်ကြံထားတဲ့အတွက် သူကဓားနဲ့ တစ်ခုတည်းအနေနဲ့ ပေါင်းစည်းထားလို့ သူတော်စင် ကောင်းကင်ဓားက သူ့ကို အာရုံခံလို့ မရတာဖြစ်မယ်"

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၄) UnicodeWhere stories live. Discover now