အပိုင်း ၉၃၁ မှ ၉၃၅

409 28 0
                                    

စာစဥ် ၄၉ : အပိုင်း ၁

အပိုင်း ၉၃၁ : အကယ်၍ မိန်းကလေး တစ်ယောက်သည် ချမ်းသာစွာနှင့် ကြီးပြင်းလာခဲ့လျှင် သူရဲကောင်းကပင် ကူရာမဲ့နေလိမ့်မည် ဖြစ်သည်

ရှီထျန်းဟောင်နှင့် ကျန်သောသူများသည် လော်ချင်းဝူအား စနောက်နေကြသော်လည်း လင်းဖုန်းကဲ့သိုပင် ချူးယန်သည် လုပ်စရာ မရှိသဖြင့် ဒေါင်းကဲ့သို့ ကြွားဝါနေသည့်သူတစ်ယောက် မဟုတ်ဟု သိထားကြသည်။

ထိုရည်ရွယ်ချက်များသည် မသိစိတ် အတွင်းမှ ပါနေသော်လည်း ချူးယန်အနေနှင့် ယခုကဲ့သို့ အစွမ်းပြနေရခြင်းသည် သူ၏ဘက်မှ ရိုးသားမှုကို ပြသလိုနေသောကြောင့် ဖြစ်သည်။

အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းအား ဆန့်ကျင်သော စစ်ပွဲမတိုင်ခင်တွင် ထာဝရ တောင်တန်းဂိုဏ်းတွင် ထကြွပုန်ကန်မှုတစ်ခု ဖြစ်ခဲ့သည်။ လီဘိုတောက်နှင့် ကျန်သောသူများသည် စူတောင်ဓားဂိုဏ်းနှင့် ပူးပေါင်းလိုခဲ့ကြသော်လည်း ဝူယွမ်လန်၊ မုန့်ချောင်ယန်နှင့် ချူးယန်တို့သည် ကံကောင်းထောက်မစွာနှင့် ရွေးချယ်မှု မှန်ကန်သွားခဲ့သည်။

ပြီးတာနှင့် သူတို့သည် စူတောင်ဓားဂိုဏ်း၏ လက်တုံ့ပြန်မှုမှ ရှောင်ရှားရန်အတွက် သူတို့၏ အိမ်ကို စွန့်ခွာခဲ့ကာ ရှောင်ယန်၊ လီယွမ်ဖန်းနှင့် ကျန်သောသူများနှင့်အတူ ယုကျင်းတောင်သို့ လိုက်လာခဲ့သည်။

လင်းဖုန်းကလည်း ထာဝရ တောင်တန်းဂိုဏ်းမှ တပည့်များအား ပစ်မထားခဲ့ပေ။

အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းအား ဆန့်ကျင်သည့် စစ်ပွဲအပြီးတွင် လင်းဖုန်းသည် စူတောင်ဓားဂိုဏ်းအား ဖိနှိပ်ခဲ့သည်။ စူတောင်ဓားဂိုဏ်း၏ လွှမ်းမိုးမှုသည်လည်း ယခင်ကနှင့် တစ်ကြိမ်မှ မတူအောင် ကျဆင်းသွားခဲ့သည်။ သူတို့သည် ဂိုဏ်းအတွင်း၌သာ နေနေခဲ့ပြီး တောင်ကို ချိပ်ပိတ်ထားခဲ့သည်။

ထာဝရ တောင်တန်းဂိုဏ်းသည် လုံခြုံစိတ်ချသွားရပြီ ဖြစ်သဖြင့် တိုင်ပင်ဆွေးနွေးခဲ့အပြီးတွင် ဝူယွမ်လန်နှင့် ကျန်သောသူများသည် အိမ်သို့ပြန်ရန် ဆုံးဖြတ်လိုက်ကြသည်။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၄) UnicodeWhere stories live. Discover now