အပိုင်း ၈၂၆ မှ ၈၃၀

322 28 1
                                    

စာစဥ် ၄၃ : အပိုင်း ၁၆

အပိုင်း ၈၂၆ : မဟာကောင်းကင် တာအိုကျမ်းစာ၏ ဓာတ်နှစ်ပါးအခန်း

လင်းဖုန်းနှင့် ရေလှိုင်းသူတော်စင်တို့၏ အရှေ့မှ ပုံရိပ်သည် အင်မော်တယ်ဝိညာဥ် အဆင့်မှ ကျင့်ကြံသူများကိုပင် ထိတ်လန့်တုန်လှုပ်သွားစေခဲ့သည်။

ကောင်းကင်နှင့် မြေကြီးတို့၏ ကျယ်ပြန့်သော အလင်းတန်းများ အကြားတွင် ဧရာမ သီးသန့် လေဟာနယ် အလွှာတစ်ခု ပေါ်လာခဲ့၏။ ထိုလေဟာနယ်၏ ပုံစံသည် အလွန်ကိုမှ ထူးခြား၏။ သူသည် မဟာကမ္ဘာနှင့် ဆက်သွယ်နေသော ဧရာမ လွင်ပြင်ကျယ် တစ်ခုနှင့် တူနေခဲ့သည်။ သူသည် မဟာကမ္ဘာ၏ မျက်နှာပြင် အပေါ်တွင် တည်ရှိနေသော အလွှာတစ်ခုအတိုင်း ဖြစ်နေခဲ့သည်။

သို့သော်လည်း အနီးကပ်၍ ကြည့်လိုက်လျှင် ထိုသီးသန့် လေဟာနယ် အလွှာသည် ကိုယ်ပိုင်လွတ်လပ်သော ဖြစ်တည်မှု တစ်ခုဖြစ်သည်။

သူသည် လျှို့ဝှက်ဆန်းကြယ်ကာ တစ်ချိန်တည်းတွင် ခန်းမှန်းရန် ခက်ခဲသည်။

လင်းဖုန်းနှင့် ရေလှိုင်းသူတော်စင်တို့သည် ထိုအရာကို တွေ့လိုက်သောအခါ ထိုထူးခြားသော သီးသန့်လေဟာနယ် အလွှာသည် သူတို့ရောက်ရှိနေကြသည့် ဝိညာဥ်ပင်လယ် အစိတ်အပိုင်း ဖြစ်နေမှန်းကို သိလိုက်ကြသည်။

ထိုပုံရိပ်အတွင်းမှ ဝိညာဥ်ပင်လယ်သည် အပြင်းအထန် တွန့်လိမ်နေခဲ့၏။ စက္ကူတစ်ရွက်သည် တစ်စုံတစ်ယောက်၏ ဖိခြေခြင်းကို ခံနေရ၍ အတွန့်အခေါက်များ ပေါ်လာခဲ့သကဲသို့ ဖြစ်၏။

ပုံရိပ်က ပြောင်းလဲသွားသောအခါ ဝိညာဥ်ပင်လယ်၏ အတွင်းပိုင်း ဒေသများက ပေါ်လာခဲ့သည်။ ဒါသည် အသွင်သဏ္ဌာန် ကင်းမဲ့နေသည့် ကျယ်ပြန့်သော ကုန်းမြေတစ်ခု ဖြစ်သည်။

သို့သော်လည်း ယခုအချိန်တွင် ဝိညာဥ်ပင်လယ် အတွင်း၌ ယခင်မှ မမြင်ဖူးသော ဒီရေလှိုင်းလုံးတစ်ခုက ပေါက်ကွဲထွက်လာခဲ့သည်။ ဒါသည် နဂိုမူလက ငြိမ်သက်နေသော ဝိညာဥ်ပင်လယ်အား ဆူနာမီကဲ့သို့ ဖြစ်သွားစေခဲ့သည်။

ဝိညာဥ်ပင်လယ် အတွင်းတွင် ပုံရိပ်တစ်ခုက ရပ်နေခဲ့သည်။ ထိုပုံရိပ်၏ ခြေလက်လေးချောင်းနှင့် မျက်နှာ အသွင်အပြင်တို့သည် လူသားပုံစံ ရှိသည်။ သို့သော်လည်း သူ၏ ခန္ဓာကိုယ် အပေါ်တွင် ရှုပ်ထွေးနေသော ခရမ်းရောင် ပုံစံများသည် ရေးဆွဲထားသည့် အတိုင်း ရှိနေခဲ့သည်။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၄) UnicodeWhere stories live. Discover now