အပိုင်း ၉၁၃ : ဂရန်းမာစတာက မန္တန်တစ်သောင်းမျောက်ကို အနိုင်ယူခြင်း (၂)

226 29 0
                                    

စာစဥ် ၄၈ : အပိုင်း ၃

အပိုင်း ၉၁၃ : ဂရန်းမာစတာက မန္တန်တစ်သောင်းမျောက်ကို အနိုင်ယူခြင်း (၂)

မျောက်သည် လင်းဖုန်း၏ ဓာတ်နှစ်ပါး မူလပြန်လာခြင်း ထူးခြားဆန်းကြယ်သော ကမ္ဘာမှော်ကျိန်စာ အတွင်းတွင် ပိတ်မိနေခဲ့ပြီး တစ်စက်မှပင် မလှုပ်ရှားနိုင်ခဲ့ပေ။ သူသည် သူ၏ ဆံပင်များမှ မည်သည့်ကိုယ်ပွားကိုမှလည်း မထုတ်လွှတ်နိုင်ခဲ့ပဲ သူ၏ နာမည်ကျော် မန္တန်တစ်သောင်း နည်းစနစ်ကလည်း ချိပ်ပိတ်ခံထားရသည်။ သူ၏မျက်လုံးများ အရှေ့မှ ကမ္ဘာက ကျဆင်းလာခဲ့သော အခါ သူ့၏ မိစ္ဆာစွမ်းအင်များကို ကုန်ခန်းစေခဲ့သည်။

"အရမ်းကောင်းတယ်.. အရမ်းကောင်းတယ်.. အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်း ခေါင်းဆောင်" မျောက်သည် သူ၏အံကို ကြိတ်လိုက်ပြီး မျက်တောင်များကို ခတ်လိုက်ရာ တောက်ပသော အလင်းတန်းများ ထွက်လာခဲ့ပြီး မူလက သာမန်လူသား အရွယ်သာ ရှိနေသော သူ၏ ခန္ဓာကိုယ်သည် ဧရာမ အရွယ်အစား ဖြစ်သွားခဲ့သည်။ ကြောက်မက်ဖွယ်ကောင်းလှသည့် ရုပ်ကိုယ်ခန္ဓာ စွမ်းအားများသည် ဟင်းလင်းပြင်အား လွှမ်းမိုးသွားနိုင်ခဲ့သည်။

ခက်ထန်လှသော မျက်နှာဖြင့် သူသည် ရှေးကျလှသည့် ဟိန်းဟောက်သံ တစ်ခုကို အော်ဟစ်လိုက်၍ သူ၏ ထက်မြက်လှသော အစွယ်များကို ဖော်ပြလိုက်ရာ သူ၏ မိစ္ဆာစွမ်းအင်များသည် ကောင်းကင်အပေါ်သို့ ထိုးတက်သွား၏။ အစွမ်းထက်သော ရုပ်ကိုယ်ခန္ဓာ စွမ်းအင်များနှင့် မိစ္ဆာစွမ်းအားများသည် အတူတကွ ပေါင်းစည်းသွားခဲ့ကာ ကောင်းကင်ကို ဖြိုခွဲပစ်လိုက်သည်။

ဒါသည် လင်းဖုန်းက မူလကောင်းကင် ကမ္ဘာအား ရောက်လာခဲ့အပြီးတွင် တွေ့ကြုံရသည့် အသန်မာဆုံး ရုပ်ကိုယ်ခန္ဓာ စွမ်းအားပေါက်ကွဲမှုပင် ဖြစ်သည်။ သူတွင် နှောင့်ယှက်ဖျက်ဆီး၍ မရနိုင်သော အရည်အသွေးများကို ပိုင်ဆိုင်ထားသည်။

သူသည် အလားတူ စွမ်းအားများရှိသော နည်းစနစ်များကို တွေ့ခဲ့ဖူးသည်။ သို့သော်လည်း ယခုမျောက်ကဲ့သို့ ပြင်းထန်လှသည့် စွမ်းအားများကို ထုတ်လွှတ်နိုင်သော အရာကို မတွေ့ဖူးပေ။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၄) UnicodeWhere stories live. Discover now