အပိုင်း ၆၆၈ : ယခင်ကနှင့် မတူတော့ပေ

325 30 0
                                    

စာစဥ် ၃၅ : အပိုင်း ၁၈

အပိုင်း ၆၆၈ : ယခင်ကနှင့် မတူတော့ပေ

လီရှင်းဖေး၏ မေးခွန်းများနှင့် ပတ်သတ်၍ လျှိုရှဖုန်းသည် ရှောင်လွှဲလိုက်ကာ ပြန်မဖြေခဲ့ပေ။ သူသည် ပြုံးရုံသာ ပြုံးလိုက်၍ ပြောလိုက်၏။ "နင်က မကြာခင် သိလာပါလိမ့်မယ်"

လျှိုရှဖုန်းက မပြောလိုသည်ကို တွေ့လိုက်ရသောအခါ လီရှင်းဖေးကလည်း အတင်းအကျပ် မမေးတော့ပေ။ သူမသည် ပြုံးလိုက်ကာ ပြောလိုက်သည်။ "ဒီလိုဆိုရင်လည်း စောင့်ကြည့်ရတာပေါ့"

ဓမ္မခန်းမ အတွင်းတွင် ဧည့်သည်များ အတွင်းမှ လူငယ်မျိုးဆက်များသည် အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်း၏ တပည့်များက ဂိုဏ်းတွင်းပြိုင်ပွဲ ယှဥ်ပြိုင်နေကြသည်ကို အာရုံစိုက်ကာ ကြည့်နေကြသည်။

ရလဒ်များသည် သူတို့အား အလေးအနက် ထားစေခဲ့၏။

ဟွမ်ကျန်းထင်၊ ယင်းလော်ရှနှင့် ကျန်သောသူများအပြင် အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်း၏ ယေဘူယျ အဆင့်အတန်းမှာ အတော်ကို ကောင်းမွန်လှသည်။

သူတို့သည် အန္တရာယ်ရှိသော ပတ်ဝန်းကျင်တွင် ဝူယန်သားရဲများ၏ တိုက်ခိုက်မှုကို ခံခဲ့ရသောအခါ တပည့်များသည် ကောင်းစွာ စွမ်းဆောင်နိုင်ခဲ့သည်။ စိန်ခေါ်မှု ပိုမိုပြင်းထန်သော အခြေအနေများ အောက်တွင် သူတို့၏ အစွမ်းအစနှင့် အလားအလာများကို ပိုမိုပြသနိုင်ခဲ့၏။

ရှုံးနိမ့်သွားကြသော ဆက်ခံသူ တပည့်များသည် ဝူယန်သားရဲများ၏ လက်အောက်တွင် မဟုတ်ပဲ ဂိုဏ်းတူပြိုင်ဘက်များ၏ လက်အောက်တွင်သာ ရှုံးနိမ့်သွားကြခြင်း ဖြစ်သည်။

ယှဥ်ပြိုင်ပွဲအား ကြည့်ရှုနေကြသော လူငယ်ကျင့်ကြံသူများသည် ဝူယန်သားရဲများ၏ စွမ်းအားများကို မှန်းဆနိုင်ကြ၍ သူတို့အား လျှော့မတွက်ရဲကြပေ။

အခြေခံအုတ်မြစ် အဆင့်မှ ကျင့်ကြံသူ အများစုတို့သည် အကယ်၍ သူတို့ကသာ ထိုကဲ့သို့သော အခြေအနေများအောက်တွင် ရောက်နေခဲ့ပါက သူတို့သည် ဝူယန်သားရဲ သုံးကောင်တို့အား သတ်နိုင်မည်လောဟု သူတို့ကိုယ် သူတို့ မေးခွန်းထုတ်နေကြ၏။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၄) UnicodeWhere stories live. Discover now