အပိုင်း ၈၇၂ : တစ်ယောက်မှ ထွက်သွားဖို့ မစဥ်းစားနဲ့

266 33 0
                                    

စာစဥ် ၄၆ : အပိုင်း ၂

အပိုင်း ၈၇၂ : တစ်ယောက်မှ ထွက်သွားဖို့ မစဥ်းစားနဲ့

သူ့အား ယုကျင်းတောင်မှ စွမ်းအားများက တားဆီးထား၍ ကျဲလော်ရှီက ခေါင်းအဖြတ် ခံလိုက်ရသည်ကို တွေ့ခဲ့ရသောအခါ ထျန်းကန်း ဓားမာစတာက လင်းဖုန်း၏ လက်ဖျားထိပ်မှ မီးခိုးရောင် ဓားအလင်းတန်းအား ကြည့်လိုက်သည်။ ကျဲလော်ရှီသည် ထိုဓားအလင်းတန်း၏ တိုက်ခိုက်မှုကို ခံလိုက်ရပါက လုံးဝ သေဆုံးသွားမည်ကို သိခဲ့လိုက်သည်။

သူ၏ မျက်လုံးများတွင် မရေမတွက်နိုင်သော ကြယ်စင်များ၏ ပျက်စီးခြင်းနှင့် ပြည့်နေခဲ့သကဲ့သို့ ဖြစ်နေခဲ့သည်။ ကောင်းကင်အတွင်းတွင် အပေါက်တစ်ပေါက် ပွင့်သွားခဲ့၍ စကြာဝဠာ အတွင်းမှ ကြယ်တာရာများစွာတို့သည် အတူတကွ လင်းလက်လာကြ၏။ ကြယ်စင်များ၏ စွမ်းအားများကို သူ၏ ခန္ဓာကိုယ်နှင့် ပေါင်းစည်းလိုက် အပြီးတွင် ထျန်းကန်းကြယ်စင်က ပို၍ တောက်ပလာခဲ့သည်။ ထျန်းကန်းကြယ်စင်သည် ယုကျင်းတောင်၏ အစွန်းရောက်ကောင်းကင် စကြာဝဠာ အလင်းတန်းနှင့် ဆက်လက်၍ ယှဥ်ပြိုင်နေခဲ့သည်။

ကြယ်စင်များက နိမ့်လိုက်မြင့်လိုက် ဖြစ်နေကြသောအခါ သူတို့သည် တောက်ပသော တာအိုသစ်သီး တစ်လုံးအဖြစ်သို့ ပြောင်းသွားကြသည်။ ထိုတာအိုသစ်သီးသည် ထူးခြားဆန်းကြယ်သော အလင်းတန်း တစ်ခုဖြင့် လင်းလက်နေခဲ့၍ မပျက်စီးနိုင်ပဲ အနိုင်မယူနိုင်သည့် စွမ်းအား သဘောတရား တစ်ခုအား ဖော်ပြခဲ့သည်။

သူသည် ကျဲလော်ရှီ၏ သူတော်စင်ကောင်းကင် လည်ပတ်ခြင်းကိုးမျိုး တာအိုသစ်သီးထံမှ လာခဲ့သော သူတော်စင် ကောင်းကင်ဓားချီနှင့် ဆင်တူနေသော်လည်း ကြီးမားသော ခြားနားချက်များ ရှိနေသည်။

ထျန်းကန်း ဓားမာစတာသည် သူ၏ကိုယ်ပိုင် သူတော်စင် ကောင်းကင် ကြယ်စင် တာအိုသစ်သီးအား ထုတ်လွှတ်လိုက်ခဲ့ကာ သူ၏ ဓားဆန္ဒအား အဆုံးစွန်အထိ ထုတ်လွှတ်လိုက်သည်။ ထျန်းကန်း ဓားကြယ်စင်သည် ယုကျင်းတောင် အပေါ်သို့ ဖိအားများ ပိုမိုပေးခဲ့ကာ အလယ်ဗဟိုသို့ ထပ်မံ၍ ဖျစ်ညှစ်လိုက်သည်။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၄) UnicodeWhere stories live. Discover now