အပိုင်း ၈၈၇ : တိုက်ပွဲအပြီးမှ ပြစ်ဒဏ်များ

279 33 0
                                    

စာစဥ် ၄၆ : အပိုင်း ၁၇

အပိုင်း ၈၈၇ : တိုက်ပွဲအပြီးမှ ပြစ်ဒဏ်များ

လင်းဖုန်းသည် ဝမ်လင်းနှင့် ကျန်သောသူများ ပြန်ပြောပြသော ဇာတ်လမ်းအား စိတ်ရှည်စွာ နားထောင်နေခဲ့ရင်း သူ၏ အသိစိတ်ကို အသုံးပြုလိုက်ကာ သူ၏ လက်ဝါးအတွင်းမှ သဲမှုန်လေးအား အာရုံခံလိုက်သည်။

အစိမ်းရောင် စွမ်းအင်တစ်စသည် ထိုသဲမှုန်လေး၏ အတွင်းတွင် ပယင်းကျောက်အတွင်းမှ ပိုးမွှားတစ်ကောင်ကဲ့သို့ အေးခဲနေခဲ့သည်။ သို့သော်လည်း သူသည် လွန်စွာမှ ပါးလွှာလှသဖြင့် မတွေ့နိုင်သကဲ့သို့ ဖြစ်နေခဲ့သည်။

လင်းဖုန်းသည် သူ၏ သဘာဝလွန် အသိစိတ်ဖြင့် အကဲခတ်လိုက်သည်။ "ဒီကောင်မလေးရဲ့ မာနကြောင့်သာ မဟုတ်ရင် ကြမ္မာပန်းတိုင် ခေါင်းလောင်းရဲ့ အသက်ဖန်ဆင်းခြင်း တံခါး၊ ယင်-ယန် ဖန်ဆင်းခြင်းနှင့် ယိုယွင်းခြင်း ဝင်္ကပါရဲ့ သေခြင်းနဲ့ရှင်ခြင်းတို့ရဲ့ ပြောင်းလဲမှုနဲ့ သေခြင်းနှင့် ရှင်ခြင်း စာအုပ်ရဲ့ စာရွက်အသစ် သုံးရွက်နဲ့ဆိုရင် သူ့ရဲ့ ဒဏ်ရာတွေကို ကုစားနိုင်လောက်တယ်.. ငါတို့က သူမအတွက် ရုပ်ခန္ဓာကိုယ် အသစ် မရှာပေးနိုင်သေးရင်တောင် သူမ ယာယီနေထိုင်ဖို့ ရတနာ တစ်မျိုးကို ရှာဖွေပြီးမှ အနာဂတ်အတွက် စီစဥ်နိုင်တယ်"

"ဒါပေမဲ့ ဒီလောက်အထိ သေးငယ်တဲ့ စိတ်ဝိညာဥ် အပိုင်းအစလေး တစ်ခုသာ ကျန်နေရစ်ခဲ့တော့ သူ့ကို စိတ်ဝိညာဥ် အပိုင်းအစလို့တောင် ခေါ်လို့ မရတော့ဘူး.. ဒါက နောက်ဆုံး အသက်ရှူခြင်းလို့တောင် ပြောနိုင်တယ်.. ဒီလိုမျိုး အခြေအနေကနေ ပြန်လည်ကုသဖို့က မဖြစ်နိုင်သလောက်ပဲ.. သေမင်းဧကရာဇ် တောင်မှ ဒီကိစ္စကို ယုံကြည်ချက်အပြည့် ရှိမှာ မဟုတ်ဘူး"

လင်းဖုန်းက ဆက်လက်ပြီးမှ ရှင်းပြလိုက်သည်။ "သူမက ပြန်လည် ဝင်စားနိုင်ရင်တောင် သူမရဲ့ အသိစိတ်နဲ့ မှတ်ဉာဏ်တွေက ဘာမှ သိပ်ကျန်တော့မှာ မဟုတ်ဘူး.. သူမကို အရင်ကလူ ဖြစ်တယ်လို့ ပြောလို့ မရနိုင်တော့ဘူး"

"ခန်းနန်းဟွာရဲ့ ကိုယ်ပိုင် အခြေတည် ဝိညာဥ်ကို အနစ်နာခံပြီး ပြုလုပ်ထားတဲ့ မှော်ကျိန်စာကြောင့်သာ မဟုတ်ရင် စိတ်ဝိညာဥ် အပိုင်းအစလေးတောင် ကျန်တော့မှာ မဟုတ်ဘူး"

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၄) UnicodeWhere stories live. Discover now