အပိုင်း ၉၈၁ မှ ၉၉၀

453 23 0
                                    

စာစဥ် ၅၁ : အပိုင်း ၁၁

အပိုင်း ၉၈၁ : ကောင်းကင်ကျက်သရေ မဟာပဏ္ဍိတ၏ အောင်မြင်မှု

ဦးချိုခြောက်ချောင်း မဟာပဏ္ဍိတသည် တစ်ကိုယ်တော် ဖြစ်နေသော်လည်း အခြား မိစ္ဆာများသည် သူ့အား လျှော့မတွက်ရဲကြပေ။ ထို့အစား သူတို့သည် ပို၍ပင် သတိထားနေကြသည်။

ဦးချိုခြောက်ချောင်း မဟာပဏ္ဍိတသည် ရှီထျန်းဟောင်ကိုသာ ပစ်မှတ်ထားနေသည်ဟု မည်သူကမှ မယုံကြချေ။ အားလုံးတို့သည် ကြယ်စင်ပင်လယ် ဝင်ပေါက်အား လိုချင်နေကြ၏။

အားလုံးတို့သည် အတူတကွ လှုပ်ရှားခဲ့ကြသော်လည်း တစ်ယောက်ကမှ သူတို့တွင် လုံလောက်သော စွမ်းအားများ ရှိနေပြီဟု မသေချာနေကြပေ။

လင်းဖုန်းသည် ထိုမြင်ကွင်းအား တွေ့လိုက်သော အခါ သူ၏ မျက်မှောင်များ ကြုတ်သွားကာ တွေးလိုက်သည်။ "နီရဲသော ဂေါ်ရီလာ မဟာပဏ္ဍိတက မလာခဲ့ဘူးဆိုတော့ ကောင်းကင် ဂရန်းမာစတာ မဟာပဏ္ဍိတ ကိုယ်တိုင် လာမှာလား"

တွေးနေရင်း လင်းဖုန်းနှင့် သူတို့အုပ်စုသည် အရှေ့သို့ သွားကာ ကြယ်စင်ပင်လယ် ဝင်ပေါက်အနီးသို့ ချဥ်းကပ်သွား၏။ သူတို့သည် ထိုနေရာမှ မိစ္ဆာများနှင့် ရင်ဆိုင်လိုက်ကြသည်။

စီးရီးယပ် မဟာပဏ္ဍိတ၏ သွေးနီရောင် မျက်လုံးများသည် လင်းဖုန်းအား တည့်တည့် ကြည့်နေသည်။ သူသည် စကားပြောကာ အချိန်မဖြုန်းခဲ့ပဲ ဟိန်းဟောက်လိုက်၍ သူ၏ အစစ်အမှန် ပုံစံကို ဖော်ပြလိုက်၏။ တောင်ကုန်းတစ်လုံး အရွယ်ရှိသော လုံးဝ မည်းနက်နေသည့် ဧရာမ ဝံပုလွေ တစ်ကောင် ပေါ်လာသည်။ သူသည် ကြယ်စင်ပင်လယ် ဝင်ပေါက်ထံသို့ ချက်ချင်း ခုန်အုပ်လိုက်သည်။

လင်းဖုန်း၏ အေးရီးစ်ကိုယ်ပွားသည် ကြယ်စင်ပင်လယ် ဝင်ပေါက်၏ အရှေ့တွင် ရပ်နေ၍ စီးရီးယပ် မဟာပဏ္ဍိတအား အမူအရာ ကင်းမဲ့စွာဖြင့် ကြည့်နေသည်။ ပြီးတာနှင့် သူသည် အရှေ့သို့ လျှောက်လာကာ သူ၏ လက်နှစ်ဘက်အား ဆန့်တန်း၍ စီးရီးယပ် မဟာပဏ္ဍိတအား ကုတ်ဆွဲလိုက်သည်။

ကုတ်ဆွဲနေရင်း သူ၏ ဘယ်လက်နှင့် ညာလက်တို့သည် နေရာပြောင်းသွားသည်။ သူ၏ ဘယ်လက်သည် အောက်ဘက်သို့ ရောက်သွားကာ ညာလက်သည် အပေါ်သို့ ရွှေ့သွား၏။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၄) UnicodeWhere stories live. Discover now