အပိုင်း ၆၆၆ : ဆရာက တပည့်ကို ချောက်ချခြင်း၊ ချောက်ချလေလေ ပိုကောင်းလေလေပဲ

367 43 2
                                    

စာစဥ် ၃၅ : အပိုင်း ၁၆

အပိုင်း ၆၆၆ : ဆရာက တပည့်ကို ချောက်ချခြင်း၊ ချောက်ချလေလေ ပိုကောင်းလေလေပဲ

"ဒီဝူယန် သားရဲတွေက တောက်ဝူရဲ့ အသွေးအသားတွေကနေ လာခဲ့တာ။ သူတို့က သူ့ရဲ့ မိစ္ဆာစွမ်းအားတွေကနေ ဖြစ်ပေါ်လာကြတာ ဖြစ်တယ်" ရှီထျန်းဟောင်၏ အမူအရာသည် မပြောင်းလဲခဲ့ပေ။ သူ၏ မျက်နှာပေါ်တွင် အပြုံးတစ်ခုက ရှိနေဆဲ ဖြစ်သည်။

"တောက်ဝူရဲ့ အသွေးအသားတွေကို ငါက ဖိနှိပ်ထားပေမဲ့ သူတို့ရဲ့ အသက်စွမ်းအင်နဲ့ စိတ်ဝိညာဥ် စွမ်းအင်တို့က အပြည့်အဝ မပျောက်ကွယ်သွားကြသေးဘူး။ ဒါကြောင့် သူတို့က ငါ့ကို ရန်သူအနေနဲ့ ဆက်ဆံကြမှာ ဖြစ်တယ်"

"ဒါကြောင့်မို့ ဒီဝူယန် သားရဲတွေကလည်း ငါ့ကို ရန်သူအနေနဲ့ သတ်မှတ်ကြမှာ ဖြစ်တယ်။ သူတို့က ငါပိုင်ဆိုင်ထားတဲ့ မှော်စွမ်းအင် လှုပ်ရှားမှုတွေကို အရမ်း မှတ်မိလွယ်ကြတယ်။ ငါ့ရဲ့ စွမ်းရည်တွေကို သင်ယူထားကြတဲ့ သူတွေအားလုံးတို့က ငါ့လိုမျိုး မှော်စွမ်းအင် လှုပ်ရှားမှုတွေကို ပိုင်ဆိုင်ထားကြတယ်"

ယခုအချိန်တွင် ရှီထျန်းဟောင်သည် ဆက်ခံသူ တပည့်များကို အားပေးနေသော အသံဖြင့် ပြောကြားနေခြင်း ဖြစ်သည်။ "ငါ့လက်အောက်ကလူတွေ သတိထားကြပါ။ တိုက်ပွဲစင်မြင့် အတွင်းကို ဝင်သွားပြီးလို့ရှိရင် ဝူယန်သားရဲတွေက မင်းတို့ကို အရင်တိုက်ခိုက်မှာ ဖြစ်တယ်။ မင်းတို့အားလုံးတို့က သတိထားမှရမယ်"

မြေရိုင်းလျှိုမြောင်မှ တပည့်များသည် ဟွမ်ကျန်းထင်အား ဝိုင်းရံနေကြသော ဝူယန်သားရဲ ဆယ်ကောင်တို့ကို ကြည့်လိုက်ကာ မသိစိတ်မှနေ၍ တံတွေးများကို မျိုချလိုက်ကြ၏။

အခြားအဖွဲ့ခွဲများမှ တပည့်များသည် အချင်းချင်း ကြည့်လိုက်ကြကာ ဖြစ်ပေါ်လာမည့် အရာများကို ကြည့်ရှုရန် ဝန်လေးနေကြသည်။

သူတို့၏ ဂျူနီယာ ဦးလေးသည် အတော့်ကို ဗရုတ်ကျပေသည်။

မဟာကောင်းကင် ခန်းမဆောင် အတွင်းတွင် ရှောင်ယန်နှင့် ကျန်သောသူများသည် သီးခြားထိုင်နေကြသည်။ သို့သော်လည်း သူတို့၏ အပြုအမူများသည် တစ်ပုံစံတည်း ဖြစ်ကြသည်။ သူတို့သည် သူတို့၏ ခြေမများကို စိုက်ကြည့်နေကြ၏။ သူတို့၏ ဖိနပ်များတွင် တစ်ခုခု ထူးခြားမှုများ ရှိနေသကဲ့သို့ ဖြစ်၏။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၄) UnicodeWhere stories live. Discover now