အပိုင်း ၆၆၉ : ကြီးမားသော ကွာဟချက်များ

335 39 0
                                    

စာစဥ် ၃၅ : အပိုင်း ၁၉

အပိုင်း ၆၆၉ : ကြီးမားသော ကွာဟချက်များ

လင်းတုန်သည် အသက်ပင်ငယ်သော်လည်း သူမ၏ စွမ်းအားများကို ပြိုင်ပွဲ၏ အစောပိုင်း အဆင့်များတွင် ပြသခဲ့ပြီး ဖြစ်သည်။ သူမ၏ ပြိုင်ဘက်များကို အနိုင်ယူနိုင်ခဲ့သည့် အပြင် ဝူယန်သားရဲများကိုလည်း လုံလောက်သည့် အရေအတွက်ရအောင် သတ်နိုင်ခဲ့၏။

ပြိုင်ပွဲကို ကြည့်ရှုနေကြသော အဆင့်မြင့် ကျင့်ကြံသူများသည် အနည်းငယ် မှင်သက်နေကြသည်။ သူတို့သည် သူမက သာမန်မဟုတ်ဟု ပြောနိုင်ခဲ့သည်။

"ဒီကောင်မလေးက လူသားဖြစ်တဲ့ပုံ မပေါ်ဘူး" အကြီးအကဲ တစ်အုပ်က စဥ်းစားနေကြသည်။

ကျင်းဟွမ်အမတ်သည် လင်းတုန်အား စိုက်ကြည့်နေခဲ့ကာ ခေတ္တမျှ ကြာပြီးနောက် ပြောလိုက်၏။ "လက်စသတ်တော့ ဒီလိုကိုး။ သူမက လူသားပုံစံအဖြစ် ပြောင်းသွားတဲ့ ပါရာဆိုသစ်ပင် ဖြစ်တယ်"

"ဒါပေမဲ့ ဒီပါရာဆို သစ်ပင်က ဘယ်တုံးကများ လူသားဖြစ်သွားရတာလဲ။ သူမက မိစ္ဆာဖီးနစ် မျိုးနွယ်စု မလာခဲ့စဥ်ကတည်းက လူသားဖြစ်နေခဲ့တာလား။ ငါခန့်မှန်းထားတာနဲ့ အနည်းငယ် လွဲချော်မှုတွေ ရှိနေခဲ့တယ်"

ကျင်းဟွမ်အမတ်သည် သူ၏အရှေ့မှ စားပွဲအား လက်ဖြင့်ခေါက်ကာ သူ၏ခေါင်းကို ခါလိုက်၏။ သူသည် သူ၏ဘေးမှ လူနှစ်ယောက်အား ကြည့်လိုက်သည်။ "ရှင်းဟန်၊ ဝမ်လေ၊ မင်းတို့နှစ်ယောက်က မင်းတို့ရဲ့ ပစ်မှတ်ကို ရှာတွေ့ပြီးသွားပြီလား"

ဝမ်လေက သူ၏ခေါင်းကို ဖြည်းညင်းစွာနှင့် ခါလိုက်သည်။ "ဒီပြိုင်ပွဲအတွင်းမှာ ယှဥ်ပြိုင်ခဲ့ကြတဲ့ သူတွေအထဲမှာ ပစ်မှတ်မပါဘူး"

ရှင်းဟန်က ပြောလိုက်သည်။ "ဒါဆိုရင် ဖြစ်နိုင်ခြေ သုံးခုရှိတယ်။ ပထမ၊ သူက ဒီပြိုင်ပွဲမှာ ဝင်မပြိုင်ဘူး။ ဒုတိယ၊ သူက နောက်ဆုံး ၁၆ယောက် အတွင်းကို တိုက်ရိုက်ဝင်သွားတဲ့ တပည့်ခြောက်ယောက် အတွင်းမှာ ရှိနေတာ။ နောက်ဆုံးက သူဟာ ပြိုင်ပွဲကို ဝင်ပြိုင်ပေမဲ့ စွမ်းအားတွေကို လျှိုထားခဲ့တာ"

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၄) UnicodeWhere stories live. Discover now