အပိုင်း ၇၄၁ မှ ၇၄၅

403 38 1
                                    

စာစဥ် ၃၉ : အပိုင်း ၁၁

အပိုင်း ၇၄၁ : သင်ဆရာ

လင်းဖုန်းသည် အချိန်ခေတ္တမျှကြာအောင် စောင့်လိုက်၍ လျှိုယောင်အား ပြန်လည် တည်ငြိမ်လာအောင် အချိန်ပေးလိုက်သည်။

သူတို့၏ အစောပိုင်း တွေ့ဆုံထားမှုမှ တဆင့် လင်းဖုန်းက ထိုလူငယ်လေးသည် စိတ်ဓာတ်ပြတ်သားကာ အကျိုးအကြောင်း ဆီလျှော်စွာ ခေါင်းအေးအေးဖြင့် စဥ်းစားနိုင်သူ ဟူသည်ကို သိထားခဲ့သည်။

ဤအဖြစ်အပျက်သည် သူ့အား ကြီးမားစွာ အကျိုးသက်ရောက်မှု ရှိနိုင်သော်လည်း သူ၏ စိတ်ကို လွတ်သွားလောက်အောင်တော့ မဖြစ်စေနိုင်ပေ။ လျှိုယောင်အတွက် ယခုအချိန်တွင် အကြီးမားဆုံးသော ပြဿနာမှာ သူ၏ ကိုယ့်ကိုယ်ကိုယ် မည်သူဆိုသည့် ပဟေဠိနှင့် မဖြေဆိုရသေးသည့် မေးခွန်းများစွာတို့ပင် ဖြစ်သည်။

လျှိုယောင်၏ စိတ်ဝိညာဥ်သည် ကောင်းကင်ယောက်သွား ရွှေပုလဲ အတွင်းတွင် ရှိနေသေးသည်။ သူ၏ အတွေးများသည် ရှုတ်ရှက်ခတ်နေခဲ့သော်လည်း သူသည် အတိုင်းအတာ တစ်ခုအထိ တည်ငြိမ်နေနိုင်ကာ ပြင်ပကမ္ဘာအား သုံးသပ်နိုင်ခဲ့သည်။

သူသည် ကောင်းကင်ယောက်သွား ရွှေပုလဲက တစ်နေရာသို့ သွားချင်နေသည့်အလား ဟင်းလင်းပြင် အတွင်းတွင် ပျံသန်းနေခဲ့သည်ကို သဘောပေါက်လာခဲ့သည်။

ခဏအကြာတွင် သူသည် ဟင်းလင်းပြင် အလွှာများစွာတို့ကို ဖြတ်သန်းသွားခဲ့၍ ခရမ်းရောင် ဝတ်စုံ ကြေးနီရောင် အသားအရည်နှင့် လူငယ်သည် သူ၏ အရှေ့တွင် ပေါ်လာခဲ့သည်။ သူသည် လင်းဖုန်းဖြစ်၏။

လျှိုယောင်၏ ပါးစပ်မှာ အဟောင်းသား ဖြစ်သွားခဲ့၏။ "အရှင်၊ အရှင်က ဒီမှော်ပုလဲကို ကျွန်တော့်ရဲ့ စိတ်ဝိညာဥ် အထဲမှာ မြှုပ်နှံထားခဲ့တာလား"

လျှိုယောင်သည် လင်းဖုန်းအား ရန်ရှာ၍ အပြစ်တင်လိုနေခြင်း မဟုတ်ပေ။ သို့သော်လည်း သူသည် လင်းဖုန်းအား ဘာဖြစ်နေသနည်း ဟူသည်ကို ရှင်းပြစေလိုနေပေသည်။ "ကျွန်တော်က ဘာဖြစ်သွားခဲ့သလဲ ဆိုတာကို အရှင်က သိပါသလား"

လင်းဖုန်းသည် သူ၏လက်အား ဆန့်တန်းလိုက်ကာ ကောင်းကင်ယောက်သွား ရွှေပုလဲကို ယူဆောင်လိုက်သည်။ သူ၏အသိစိတ်အား ကောင်းကင်ယောက်သွား ရွှေပုလဲအတွင်းသို့ ထည့်လိုက်ကာ လျှိုယောင်နှင့် ဆက်သွယ်လိုက်သည်။ "မင်းဘာဖြစ်သွားခဲ့သလဲ ဆိုတာကို ငါက ဒီရွှေပုလဲနဲ့ ဆက်သွယ်နေခဲ့တဲ့အတွက် သိတယ်"

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၄) UnicodeWhere stories live. Discover now