အပိုင်း ၁၀၅၄ : ပြန်လည်တည်ဆောက်ခြင်း

198 20 0
                                    

စာစဥ် ၅၅ : အပိုင်း ၄

အပိုင်း ၁၀၅၄ : ပြန်လည်တည်ဆောက်ခြင်း

ခွန်းလွန်တောင်ပေါ်၌ ဤအချိန်တွင် တောက်ပသော အလင်းတန်း တစ်ခုဖြင့် လင်းလက်လာသည်။

ပိုင်ယွင်တောင် အပေါ်၌ ယုယွမ် သူတော်စင်မယ်၊ ယန်ယွင်ကျန်းနှင့် ယန့်မင်းရွဲ့တို့သည် အရာများကို အသေအချာ မမြင်နေရပေ။ သို့သော်လည်း သိပ်မကြာမီ ပိုင်ယွင်တောင်၏ အပေါ်၌ စက်ဝိုင်းကြေးမုံ တစ်ခု၏ အလင်းတန်း ပုံရိပ်တစ်ခု ပေါ်လာသည်။

"အန္တိမ ကောင်းကင်ကြေးမုံ" ယုယွမ် သူတော်စင်မယ်နှင့် ကျန်သောသူများ အားလုံးတို့က ကြေးမုံထံသို့ ကြည့်လိုက်သည်။

ကြေးမုံအောက်တွင် ပိုင်ယွင်တောင်ထိပ်ပေါ်၌ ယန်နန်းလိုင်နှင့် လင်းတောက်ဟန်တို့က ဘေးချင်းယှဥ်ကာ ရပ်နေကြသည်။ ယန်နန်းလိုင်သည် အန္တိမ ကောင်းကင်ကြေးမုံ၏ ကြေးမုံအလင်းတန်းကို ချိန်ညှိနေသည်။ ကြေးမုံအလင်းတန်းသည် ခွန်းလွန်တောင်ဘက်သို့ ရောက်သွားသည်။

ထိုအလင်းတန်းတွင် မကြာမီပင် ပုံရိပ်တစ်ခု ပေါ်လာသည်။ အားလုံးတို့သည် ထိုပုံရိပ်အား မြင်လိုက်ရသော အခါ သူတို့၏ အသက်ရှူသံများ ခေတ္တ ရပ်တန့်သွား၏။

ခွန်းလွန် တောင်တန်းများ အကြားတွင် ယွင်တောင်ထိပ်နှင့် ကြေးမုံရေအိုင်တို့ကို မြင်နေရသည်။ သို့သော်လည်း ယုကျင်းတောင်၏ ပုံရိပ်ကိုမူ မတွေ့နိုင်ချေ။ ယွင်တောင်ထိပ်နှင့် မနီးမဝေးမှ တောင်ထိပ်တစ်ခု အပေါ်တွင် အလင်းတန်း တစ်ခုက အရပ်မျက်နှာ အားလုံးသို့ ပျံ့နှံ့သွားသည်။

ထိုအလင်းတန်းသည် မပူပြင်းသလို နွေးထွေးမှုလည်း မရှိပေ။ သူသည် သန့်စင်ကာ အပူချိန်များ မရှိပေ။

အဖြူရောင် အလင်းတန်း ပင်လယ်တစ်ခုသည် နေရာ တစ်ခုလုံးအား ဖုံးလွှမ်းသွားသည်။ ထိုအလင်းတန်းများ၏ ဘေး၌ မည်သည့်အရာမှ မရှိဟု ထင်နေရသည်။

ထိုအလင်းတန်းများ လင်းလက်လာသော အခါ သာမန် လူတစ်ယောက်က သူ၏ မျက်လုံးများကို မဖွင့်နိုင်ချေ။ သူ၏အရှေ့မှ အရာများကို ကြည့်နိုင်တော့မည် မဟုတ်ချေ။ သို့ရာတွင် ဟင်းလင်းပြင် ဘုရားကျောင်းတွင် အန္တိမ ကောင်းကင်ကြေးမုံ ရှိနေသဖြင့် အတားအဆီး မရှိနေချေ။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၄) UnicodeWhere stories live. Discover now