အပိုင်း ၉၁၁ : ကောင်းကင်အောက်မှ မဟာပညာရှင်တို့၏ တိုက်ပွဲ (၂)

233 31 2
                                    

စာစဥ် ၄၈ : အပိုင်း ၁

အပိုင်း ၉၁၁ : ကောင်းကင်အောက်မှ မဟာပညာရှင်တို့၏ တိုက်ပွဲ (၂)

ရှီထျန်းဟောင်၊ ဝမ်လင်းနှင့် ကျန်သောသူများ အားလုံးတို့သည် ယခုအချိန်တွင် အတော်ကို အတွေ့အကြုံများ ကြွယ်ဝကာ ဗဟုသုတ စုံလင်နေကြပြီ ဖြစ်သည်။ ကောင်းကင်ကို ထောက်မထားသကဲ့သို့ ဖြစ်နေသည့် တိုင်လုံးရှည်ကြီး ထံမှ ထုတ်လွှတ်နေသော အော်ရာကို အာရုံခံလိုက် အပြီးတွင် သူတို့သည် ထိုအရာကို ချက်ချင်း မှတ်မိလိုက်သည်။ "အပြားခတ် မြင့်မြတ်သော သတ္တုလား.. ဒီမျောက်က အပြားခတ် မြင့်မြတ်သော သတ္တုတွင်းကို တူးဖော်ခဲ့တာလား"

ကမ္ဘာအတွင်းတွင် ယခုအချိန်တွင် လျှို့ဝှက်ဆန်းကြယ်သော သတ္တုခြောက်မျိုး ရှိသည်။ သို့သော်လည်း အလယ်ခေတ် မတိုင်မီက ခုနှစ်မျိုး ရှိသည်။ နောက်ဆုံး ပျောက်ကွယ်သွားသော အရာမှာ အပြားခတ် မြင့်မြတ်သောသတ္တု ဖြစ်သည်။

သူ၏ ပုံသဏ္ဌာန်ကို အလွယ်တကူ ပြောင်းလဲ၍ရကာ ထူးခြားဆန်းကြယ်သော စွမ်းရည်များ ရှိသည်။ သူ၏ အထူးခြားဆုံး အချက်မှာ သူ့တွင် သတ္တုတွင်း တစ်ခုတည်းသာ ရှိခြင်း ဖြစ်သည်။ ထိုသတ္တုတွင်း အတွင်းတွင် အရည်အသွေးမြင့် သတ္တုအများအပြား ရှိကာ မကုန်ခန်းနိုင်ဟု ထင်နေရသည်။

သို့သော်လည်း အလယ်ခေတ် အတွင်းတွင် သတ္တုတွင်း တစ်ခုလုံးသည် ထူးခြားဆန်းကြယ်စွာနှင့် ပျော်ကကွယ်သွားခဲ့သည်။ အပြားခတ် မြင့်မြတ်သော သတ္တုမှာ မူလကောင်းကင် ကမ္ဘာကြီး အတွင်းမှ လုံးဝ ပျောက်ကွယ်သွားခဲ့သည်။ ထိုမျောက်က ထိုသတ္တုတွင်းအား တူးဖော်သွားခဲ့သည်ဟု မည်သူကမှ မမျှော်လင့်ခဲ့ကြပေ။

ထိုသတ္တုချောင်းသည် အပြားခတ် မြင့်မြတ်သော သတ္တုဖြင့် ထုလုပ်ထားခြင်း ဖြစ်ကာ မူလကောင်းကင် ကမ္ဘာ အတွင်းမှ အပြားခတ် မြင့်မြတ်သော သတ္တုအားလုံးတို့ကို ကုန်ခန်းသွားစေခဲ့သည်။

အနီရောင် ဂေါ်ရီလာ မဟာပဏ္ဍိတသည် ထိုသတ္တုချောင်းအား ကြည့်လိုက်ကာ သူ၏ အမူအရာသည် ယခင်ကထက် ပိုမို၍ လေးနက်လာခဲ့သည်။ "ငါက မန္တန်တစ်သောင်းမျောက်ရဲ့ အကြောင်းကို အတိတ်ကပဲ ကောလဟာလ အနေနဲ့ ကြားဖူးခဲ့တာ.. ဒီကနေ့မှပဲ သူ့ရဲ့ စွမ်းအားတွေကို တွေ့ရတော့တယ်"

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၄) UnicodeWhere stories live. Discover now