အပိုင်း ၁၀၅၇ : မရည်ရွယ်ပဲ အပေါက်တစ်ပေါက် တူးမိခြင်း

Start from the beginning
                                    

"အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းရဲ့ ရှင်းပြမှုတွေ အထဲမှာ အကြောင်း အကျိုးနဲ့ ဘာမှ မသက်ဆိုင်တဲ့ အရာတွေ တည်ရှိနေမှုကို ဖော်ပြခဲ့တယ်… ယခင်က အကြောင်းနဲ့ အကျိုး မရှိခဲ့တော့ သူတို့ရဲ့ အရင်းအမြစ်ကို နောက်ကြောင်းပြန်ပြီးမှ မလိုက်နိုင်တော့ဘူး"

လျှမ်ပန်းက ဤစကားဖြင့် အဆုံးသတ်လိုက်သည်။ "ဒီအရာတွေ အတွက် ကမ္မတရားကို အသုံးပြုုပြီး အတိတ်နဲ့ အနာဂတ်တွေကို နားလည်ဖို့ မဖြစ်နိုင်ဘူး"

ဇူဟုန်ဝူသည် ထိုစကားကို ကြားရသောအခါ သူ၏ မျက်မှောင်များမှာ ကြုတ်သွား၍ သူ၏ လက်သီးများမှာ ပို၍ တင်းကျပ်လာသည်။ "သူတို့က ဘာသက်သေရှိလို့လဲ"

လျှမ်ပန်းက အလင်းတန်း ပုံရိပ်တစ်ခုကို ဖော်ပြလိုက်သည်။ ဇူဟုန်ဝူသည် ထိုအလင်းတန်း ပုံရိပ်အား အာရုံစိုက်ကြည့်နေရင်း ပို၍ မည်းမှောင်လာသည်။ နောက်ဆုံးတွင် သူသည် လုံးဝကို ညိုမှိုင်း အုံ့ဆိုင်းသွားသည်။

"ဒီလိုမျိုး တစ်စုံတစ်ခုက တကယ်ပဲ ရှိတာလား… ဒီလိုဆိုရင် ကမ္မလမ်းစဥ်ကို အသုံးပြုပြီး သက်ရှိအားလုံးတို့ရဲ့ ကံတရားတွေကို လေ့လာလို့ မရတော့ဘူး… မမျှော်လင့်ထားတဲ့ အရင်က မကြုံဖူးတဲ့ အရာတွေက ပေါ်လာနိုင်တယ်"

"ဒီလိုမျိုး အရာတစ်ခုက တကယ်ပဲ ရှိနိုင်တယ်လို့ ကျွန်တော်က မယုံနိုင်ဘူး" ဇူဟုန်ဝူက သူ၏ မျက်လုံးများကို ပိတ်လိုက်သည်။ "ဒီတရားကို ပြစ်မှားတဲ့ သဘောတရားကို ထိန်းချုပ်နိုင်သလား… သူ့ကို ဘယ်လိုလုပ်ပြီးမှ ထိန်းချုပ်မှာလဲ… တကယ်လို့ ကမ္မလမ်းစဥ်နဲ့ ဒီဗုဒ္ဓတရားကို ပြစ်မှားတဲ့ သဘောတရား နှစ်ခုလုံးကို နားလည်သွားရင် ကျွန်တော်တို့က အရာအားလုံးတို့ရဲ့ အတိတ်… ပစ္စုပ္ပန်နဲ့ အနာဂတ်တို့ကို သဘောပေါက်နိုင်မလား"

လျှမ်ပန်းက ဇူဟုန်ဝူအား ကြည့်ကာ သက်ပြင်းတစ်ချက် ချလိုက်သည်။ သူစိုးရိမ်ပူပန်နေသော အရာများသည် ဖြစ်လာခဲ့လေပြီ။

ဇူဟုန်ဝူ အနေနှင့် ကမ္မလမ်းစဥ်သည် သူတည်ဆောက်ထားသော အခြေခံ မဟုတ်ချေ။ သူသည် ကမ္မလမ်းစဥ်က အကြီးမြတ်ဆုံး သဘောတရား ဖြစ်သည်ဟူ၍လည်း မယုံကြည်ထားပေ။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၄) UnicodeWhere stories live. Discover now