အပိုင်း(၁၆)

Start from the beginning
                                    

ထို့ကြောင့်ဂွတို မေ့မေ့မြောမြော ငေးငေးမောမောဖြစ်နေရသည်။

မာန်ဟုမ် အသည်းအသန်တက်လာကာ ငေးငိုင်နေသည့် ဂွတိုကို မမှိတ်မသုန်ကြည့်နေမိသည်။ နဂိုဆို ရထားတွဲလို တတန်းတန်းသွားနေသည့် လေးယောက်မှာ အခုဘာကြောင့် ဂွတိုတစ်ယောက်ထဲရှိရပါသနည်း။

" ဂွတို..ဘာဖြစ်လာတာလဲ။ ကောင်လေးတို့ကို လာရှာတာလား။ အဲ့ဆိုရင်တော့ မရှိဘူး။ ဘယ်သွားလဲ မသိဘူး။ ငါတောင် ပြီးရင်သွားရှာမလို့ "

" ဟီး..တီဗွီကြီးက မိုက်လိုက်တာ ဟီး။ သားက ကိုကြီးတို့ကို လာရှာတာမဟုတ်ဘူးဆရာ။ ဆရာ့ကို လာခေါ်တာပါ "

" တိုင် ပြဿနာရှာထားပြန်ပြီနဲ့တူတယ် "

" ဟီး မဟုတ်ပါဘူးဆရာ။ ဒါပေမဲ့ ဆရာအခုလိုက်ခဲ့မှ ဖြစ်မယ် "

" အေး..။ အေး "

မာန်ဟုမ် အိမ်တံခါးကိုပြန်ပိတ်ကာ ဂွတိုခေါ်သည့် နောက်သို့သုတ်သုတ် သုတ်သုတ်နှင့် လိုက်ခဲ့ရတော့သည်။
မာန်ဟုမ် မြို့က ပြန်လာပြီးထဲက ရေမချိုးရသေးသလို ‌ခြေလက်လည်းမဆေးရသေးချေ။ ရေတောင်မှ သူကြီး အတင်းတိုက်၍ သောက်ရခြင်းပင်။

အိမ်ပြန်ရောက်တော့လည်း တံခါးပိတ်ထားသည့်အိမ်ကြောင့် ကောင်လေးတို့မရှိတာသိ၍ တီဗွီကိုအမြန်ဆင်နေသောကြောင့် ဘာမှမလုပ်ရသေးချေ။ တစ်နေကုန်လမ်းလျှောက်ထားရ၍ ခြေဖျားလေးကအစကျဉ်နေသော်လည်း ယခုထပ်မံလျှောက်ရပြန်သည်။

" ဂွတို ဒါထန်းတောသွားတဲ့ လမ်းကြီးလေ "

" ဟီး..။ ဆရာ သား‌အနောက်သာလိုက်ခဲ့ပါ "

ဂွတိုက ဘေးမှ စပ်ဖြီးဖြီး ပြန်ဖြေသောကြောင့် မာန်ဟုမ်၏ ဦးခေါင်းမြွေပေါက်သလို မာန်ဟုမ်ထိတ်လန့်လာသည်။

" မဟုတ်မှ ခိုင်ဝင်းတို့နဲ့ ထန်းတောမှာ ရန်ဖြစ်လို့လား ဂွတို "

" ရန်က ဖြစ်တော့ဖြစ်တယ် ဆရာ။ ဒါပေမဲ့…"

ဂွတိုကိုကျော်ကာ ခြေလှမ်းကျဲကြီးတွေဖြင့် လျှောက်သွားသော ဆရာ့ကြောင့် ဂွတို ပြောစရာစကားမဲ့သွားသည်။ မသိရင် ဆရာ့အနောက် ကျားလိုက်နေသလိုပဲ။

မေတ္တာကြိုးနှင့်ချည်သော တိုင်(Complete)Where stories live. Discover now