" နေမမြင့်ခင် သွားကြရအောင် "
သူကြီးရဲ့စကားအဆုံး၌ မာန်ဟုမ်မှလွဲ၍ လိုက်မည့်လူတွေ ထော်လာဂျီ
ပေါ်တက်ကုန်ကြသည်။ မာန်ဟုမ်ကတော့ ဟိုသုံးယောက်အနားကို တန်းတန်းမတ်မတ်သွားလိုက်သည်။" လိမ္မာလက်စနဲ့ ထပ်လိမ္မာလိုက်တော့နော်။ ဒီနေ့လည်း ပြဿနာမရှာထားနဲ့ အိမ်မှာပဲ ကိုယ်မုန့်ရော ထမင်းရောစားထား။ ဒိတစ်ခါအပြင်သွားပြီး ပြဿနာရှာထားရင် ကိုယ်က ကြိမ်လုံးနဲ့ရိုက်မှာဗျ "
" ဟွန့် ဦးအိမ်ပြောနေပုံကြီးက ကျွန်တော်ကပဲဆိုးနေသလိုကြီး။ ဦးအိမ်နော် ကျွန်တော့်ကိုရိုက်ရင် ကျွန်တော်ဒီရွာက ထွက်ပြေးမှာ။ ဦးအိမ်ကို အမှုပတ်အောင်လေ "
" မင်းလေး လိမ္မာရင် ဒီနေ့ဝယ်လာမယ့်ဟာတွေ မင်းအတွက်ပဲ "
" အံမယ် သကြားဖေဖေလို ဘာလိုလိုနဲ့ ကျောချမ်းစရာကြီး။ သွားမှာဆို သွားတော့လေ စိတ်ချ..စိတ်ချ။ ထန်းတောမှာ ထန်းရည်သွားသောက်ထားမယ်"
" နောက်ကဘာပြောလိုက်တာလဲ ကောင်လေး "
" ဟီး..ဟုတ်ဘူး။ ဂရုစိုက်သွားလို့ "
'ထန်းတောမှာ ထန်းရည်သွားသောက်ထားမယ်'က ပင်တိုင် တိုးတိုးပဲပြောလိုက်၍ ဦးအိမ်ကြားပုံမရချေ။
ဦးအိမ်တက်လိုက်သည်နှင့် ထော်လာဂျီဟာထွက်သွားသည်။ ထော်လာဂျီထွက်သွားသည်နှင့် ထော်လာဂျီ အသံဖုံးအောင် ဝါးလုံးကွဲရယ်သံကြီး ထွက်လာတော့သည်။
_____________
" မဖြစ်ပါဘူး။ အကိုပင်တိုင်ရယ်။ ဘုရားမကြိုက်၊နတ်မကြိုက်တဲ့ အရက်ကို မသောက်ရပါဘူး "
" အရက်သောက်မှာမဟုတ်ဘူးလေ သက်နိုင်ရယ်။ အခုဟာက ထန်းရည်သောက်မှာ။ ဘယ့်နယ့် အရက်က ဘုရားမကြိုက်၊နတ်မကြိုက်တုန်း။ ကိုကြီးကျော်ဆို ဝီစကီပဲချတာကွ ကြက်ပေါင်လေးက အဆစ်ပါသေး"
" နတ်ကထားပါတော့ ဘုရားကမှမကြိုက်တာ"
" မင်းဘယ်သူပြောတုန်း သက်နိုင်ရယ်။ ထန်းရည်က သူတစ်ပါးအသက်လည်းမပါဘူး။ သူ့ဥစ္စာခိုးပြီးသောက်တာလည်းမဟုတ်ဘူး။ သူတစ်ပါး သားမယား ကိုဖျက်စီးဖို့လည်းမဟုတ်ဘူး။ လိမ်ညာပြောမှာလည်းမဟုတ်ဘူးလေကွာ။ ငါတိုကျူးလွန်တာဆိုလို့ အရက်သေစာသောက်စားခြင်းဆိုတဲ့ ကံကတစ်ပါးထဲရယ်"
YOU ARE READING
မေတ္တာကြိုးနှင့်ချည်သော တိုင်(Complete)
အပိုင်း(၁၅)
Start from the beginning