{40}final

4.7K 163 8
                                    

🍒Tᴀᴇ Tᴀᴇ🍒

30.12.2019.....
ထယ်ယောင်းရဲ့မွေးနေ့ကတော့ဒီနေ့ပင်....

ထယ်ယောင်းမွေးနေ့အတွက်ဂျောင်ကုကအိမ်မှာပါတီပွဲစီစဥ်ထားသည်။
ပါတီပွဲကိုjin၊နမ်ဂျွန်း၊ဂျီမင်ယွန်းဂီ၊ဂျီယွန်းလေးတို့ကိုဖိတ်ထားသည်။
ဒါပေမဲ့ဂျောင်ကုကြိုမှန်းပြီးသားအကုန်လာကြမှာကိုပင်.....

အခုည7:30

ထယ်ယောင်းကတော့မီယောင်းလေးနဲ့ထယ်ဟွန်းလေးကိုမုန့်ကျွေးနေလေရဲ့...
ထိုအချိန်ဂျောင်ကုမှအထုပ်ကြီးတစ်ခုကိုကိုင်ကာထယ်ယောင်းတို့ဆီလာပြီး....

"ထယ်လေး...8နာရီတောင်ထိုးတော့မယ်ပါတီစတော့မှာလေ....အကျီမလဲသေးဘူးလား...??"

"ကိုကိုကလည်းထယ်ကလေးတွေကိုမုန့်ကျွေးနေတယ်လေ...နောက်ပြီးထယ်ကဒီအကျီ၀တ်လဲဘာမှမဖြစ်ပါဘူး..."

"မဖြစ်ပါဘူး....ရော့ထယ်လေး...ကိုယ်ထယ်လေးအတွက်အကျီ၀ယ်ပေးထားတယ်...ဒါသွား၀တ်လိုက်...ကလေးတွေကိုကိုယ်ပဲမုန့်ဆက်ကျွေးထားလိုက်မယ်...."

ဂျောင်ကုလည်းသူ့လက်ထဲမှအ၀တ်စားထုပ်ကိုထယ်ယောင်းကိုပေးလိုက်ကာကလေးတွေကိုမုန့်ခွန့်ကျွေးနေလျက်.....
ထယ်ယောင်းလည်းအ၀တ်စားထုပ်ကိုယူကာအခန်းထဲ၀င်သွားသည်။

"ဖေဖေ...ပါးပါးကဘယ်ရွားတာလဲဟင်..??"(ဖေဖေ...ပါးပါးကဘယ်သွားတာလဲဟင်..??)

ထယ်ဟွန်းလေးမှမုန့်စားနေရင်းမေးတာကြောင့်ဂျောင်ကုက.....

"ပါးပါးကအကျီသွားလဲတယ်သားရဲ့....ဒီနေ့ပါးပါးမွေးနေ့ဆိုတာသားနဲ့သမီးသိတယ်မလား..??"

ဂျောင်ကုမေးထယ်ဟွန်းနဲ့မီယောင်းလေးကခေါင်းငြိမ့်ပြသည်။
ဂျောင်ကုလည်းကလေးတွေကိုရီပြပြီး....

"ဒါဆိုပါးပါးကိုသားနဲ့သမီးကဘာမွေးနေ့လက်ဆောင်ပေးမှာလဲ...??"

ဂျောင်ကုကမေးတော့မီယောင်းလေးက....

"မီးမီးကပါးပါးကိုအာဘွားတွေအရားကြီးဖွင့်မှာ...."(မီးမီးကပါးပါးကိုအာဘွားတွေအများကြီးပေးမှာ....)

"သားသားယောဘဲ..."(သားသားရောပဲ...)

"ဟုတ်ပါပြီဗျာ....တကယ့်အလည်လေးတွေ..."

🍒Tae Tae🍒Where stories live. Discover now