{17}

3.1K 164 2
                                    

🍒Tᴀᴇ Tᴀᴇ🍒

"ထယ်လေး...ထယ်လေးရေ..."

အိမ်ရှေ့ကအော်သံကြားတာမလို့ထယ်ယောင်းထွက်ကြည့်လိုက်တော့သူ့ကိုကိုပင်....

"ကိုကိုပါလား...ပြန်လာတာစောလှချည်လားကိုကိုရဲ့..."

"ဟုတ်တယ်ထယ်လေး...ကိုကိုထယ်လေးကိုပြောစရာရှိလို့..."

"ပြောလေကိုကို...??"

"ချမ်းသာဆုံးစရင်း၀င်တွေပဲတတ်နိုင်တဲ့ပွဲမှာကိုယ်နဲ့အတူထယ်လေးပါတတ်ရမယ်..."

"ဟင်...??ထယ်ကလား..?"

"ဟုတ်တယ်လေထယ်လေးရဲ့...ထယ်လေးကကိုယ့်ချစ်သူဆိုတော့အတူတူပွဲတတ်ရမှာပေါ့..."

ဂျောင်ကုပြောလိုက်တဲ့စကားကြောင့်ထယ်ယောင်းမှာပါးလေးတွေနီရည်းသွားရပြန်သည်။

"ကိုကို...အဲ့ပွဲကဘယ်နှစ်နာရီစမှာလည်း..??"

"7နာရီထယ်လေးရဲ့...အခု5နာရီခွဲပဲရှိသေးတယ်ဆိုတော့လိုပါသေးတယ်..."

"အော်...ကိုကိုပွဲတတ်ရင်ဘာ၀တ်ရမှာလည်းဟင်..??"

"၀တ်စုံအတွက်စိတ်မပူနဲ့ထယ်လေး...ကိုယ်အကုန်၀ယ်ခဲ့ပြီးပြီ...အဲ့ရောက်မှအကျီလဲရမှာ..."

"အော်...ဟုတ်ကိုကို..."

"အဲ့တာဆိုကိုယ်တို့သွားကြတာပေါ့..."

ဂျောင်ကုလည်းထယ်ယောင်းလက်ကိုဆွဲကာကားထဲ၀င်သွားသည်။
ထို့နောက်ခုနကဆိုင်ရှေ့မှာကားရပ်ပြီးဆိုင်ထဲသို့ဂျောင်ကုနဲ့ထယ်ယောင်း၀င်လာလိုက်သည်။

"ခုနအကိုပဲ....အကုန်ပြင်ဆင်ပြီးပါပြီရှင့်..."

"ထယ်လေး...ကိုယ်၀တ်စုံသွားလဲလိုက်အုန်းမယ်ထယ်လေးကိုလည်းအဲ့အမကြီးတွေမိတ်ကပ်ပြင်ပေးလိုက်မယ်..."

"ဟုတ်ကိုကို.."

"မောင်လေး...အမနောက်လိုက်ခဲ့..."

ထယ်ယောင်းလည်းထိုအမကြီးပြောတဲ့အခန်းထဲ၀င်လိုက်ပြီးထိုင်ခုံပေါ်မှာထိုင်လိုက်သည်။

"မောင်လေးအမမိတ်ကပ်စပြင်ပြီနော်..."

သူ့ကိုထိုအမကြီးကမိတ်ကပ်စပြင်ပေးသည်။
ထယ်ယောင်းကတော့ပထမဦးဆုံးမိတ်ကပ်ပြင်တာခံဖူးတာကြောင့်မျက်နှာမှာယားကျိကျိပင်....
နာရီကွက်လောက်ကြာတော့ထိုအမကြီးမိတ်ကပ်ပြင်တာပြီးဆုံးသွားသည်။

🍒Tae Tae🍒Kde žijí příběhy. Začni objevovat