{33}

2.3K 98 0
                                    

🍒Tᴀᴇ Tᴀᴇ🍒

"လာဒါဒါဒါ....လာဒါဒါဒါ.....လာဒါဒါဒါဒါ....."

Jinတစ်ယောက်မနက်အစောကြီးထကာပြင်ဆင်နေခြင်းပင်...
မနေ့ကဟိုဆော့မှမနက်ဖြန်မနက်စောစောကော်ဖီဆိုင်မှာကင်မ်နမ်ဂျွန်းနဲ့သွားတွေ့လိုက်ပါဆိုလို့သူပြင်ဆင်နေခြင်းဖြစ်သည်။

ကျနေတဲ့ဆံပင်တွေကိုသပ်တင်ကာသူ့ကိုယ်သူမှန်ထဲမှကြည့်ပြီး....

"ငါတော်တော်ချောပါလား..."

သူ့ကိုယ်သူချီးမွန်းခန်းတင်ကာအိမ်ထဲမှထွက်လာခဲ့သည်။

ချိန်းထားတဲ့ကော်ဖီဆိုင်သို့ရောက်တော့ကင်မ်နမ်ဂျွန်းလို့ခေါ်တဲ့လူကိုလိုက်ရှာမိသည်။
ဆိုင်ကလည်းလူတွေကခပ်များများရယ်နောက်ပြီးကင်မ်နမ်ဂျွန်းကိုလည်းသူမမြင်ဖူးဘူးဆိုတော့ဒုတ္ခရောက်ချေပြီ....

"ငါ့နယ့်....ဘယ်လိုရှာရမလဲ...??"

Jinတစ်ယောက်ခေါင်းကုတ်နေတဲ့အချိန်...

"Hey......"

သူ့ကိုထိုင်ရာမှလှမ်းခေါ်နေပါသောလူတစ်ယောက်...
ထိုလူကသူနဲ့ခပ်၀ေး၀ေးမှာထိုင်နေတာဆိုတော့မျက်နှာကိုသူသိပ်မမြင်ရပေ...
သူလည်းထိုလူနားသွားလိုက်တော့ထင်ထင်ရှားရှားမြင်လိုက်ရတဲ့မျက်နှာ...

OMG..!!!
ထင်ပေါ်နေသောမေးရိုး...
ယောကျားပြီသသောခန္ဓာကိုယ်နဲ့...
သူကိုပြုံးပြီးကြည့်နေတာ...အမလေးပါးချိုင့်လေးနဲ့...

"ဟို...ဒီက ကင်မ်ဆော့ဂျင်ဟုတ်ပါတယ်နော်..."

Jinမှာလည်းသူ့ကိုမေးတော့ယောင်ယောင်ယမ်းယမ်းဖြင့်...

"ဟုတ်ပါတယ်...ဒီက....??"

"ကျွန်တော် ကင်မ်နမ်ဂျွန်းပါ...ထိုင်ပါအုန်း.."

Jinလည်းကင်မ်နမ်ဂျွန်နဲ့မျက်နှာချင်းဆိုင်ခုံမှာ၀င်ထိုင်လိုက်သည်။

"Jinလို့ခေါ်မယ်နော်ရလား..??"

"ရပါတယ်...ဒါနဲ့ဒီက ကင်မ်....."

"နမ်ဂျွန်းလို့ပဲခေါ်ပါ...ရင်းရင်းနှီးနှီးပေါ့..."

"အာ...နမ်ဂျွန်း..."

Jinလည်းဘာပြောရမှန်းမသိကိုယ့်လက်ကိုသာပွတ်နေမိတော့သည်။
နမ်ဂျွန်းမှာတော့jinနေရခက်နေမှန်းသိပြီး...

🍒Tae Tae🍒Where stories live. Discover now