{5}

4.8K 289 21
                                    

🍒Tᴀᴇ Tᴀᴇ🍒

"ရုပ်ရှင်စတော့မှာလားကိုကို...?"

"၅မိနစ်မှာလိုတော့တယ်ထယ်လေး..ကိုယ်တို့ရုံထဲ၀င်နှင့်ကြတာပေါ့..."

"ဟုတ်ကိုကို..."

ဂျောင်ကုနဲ့ထယ်ယောင်းလည်းရုံထဲသို့၀င်လိုက်သည်။

"ကိုကိုအာလူးကြော်ပေးအုန်း..."

"ရော့ပါဗျာ...."

ဂျောင်ကုလည်းသူဘေးကနှုခမ်းလေးဆူကာမုန့်စားနေတဲ့ထယ်ယောင်းကိုကြည့်မ၀ဖြစ်နေသည်။

သူတို့ရဲ့ခုံတန်းကအပေါ်ထပ်ရဲ့နောက်ဆုံးအတန်းဖြစ်သည်။
ပထမဦးဆုံးရက်ဖြစ်တာကြောင့်လူတော့အရမ်းများသည်။

ဂျောင်ကုလည်းထယ်ယောင်းကိုကြည့်နေရင်းထယ်ယောင်းဘေးကကောင်တစ်ကောင်ကိုတွေ့လိုက်သည်။
အဲ့အကောင်ကထယ်ယောင်းကိုဟိုထိဒီထိလုပ်နေလေသည်။
သရဲကားကိုစိတ်၀င်စားနေတဲ့ထယ်ယောင်းကတော့ဘာမှမသိပေ...

ငါ့အပိုင်ကိုလာထိတဲ့ကောင်..!!ငါနဲ့တွေ့မယ်..!!

"ထယ်လေး...ကိုယ့်ခုံမှာလာထိုင်ပါလား..ဒီဘက်ကအဲယားကွန်းရှိတော့ကိုယ်လေအေးမခံနိုင်လို့..."

"ဟုတ်ကိုကို..."

ထယ်ယောင်းကတော့အလိုက်တစ်သိခုံပေါ်ကထကာဂျောင်ကုခုံမှာ၀င်ထိုင်လိုက်သည်။
ဂျောင်လည်းထယ်ယောင်းခုံမှာ၀င်ထိုင်လိုက်တော့ဘေးက ကောင်ငြိမ်ကြသွားသည်။
ဒါတောင်အဲ့ကောင်ခြေထောက်ကအငြိမ်မနေသူ့ခြေထောက်ကိုလာလာထိနေသေးသည်။

ဒီကောင်တော်တော်သေချင်နေပြီထင်တယ်...

ဂျောင်ကုကသူ့ဖိနပ်ကြီးနဲ့အဲ့ကောင်ခြေဖ၀ါးကိုအားပါပါနဲ့တတ်နင်းချလိုက်သည်။

"အားးးးး"

ထိုအကောင်စီမှအသံထွက်လာသည်။

သေလေ..ငါအပိုင်ကိုထိချင်အုန်း...!!!

ထိုအကောင်ဘေးမှသူ့သူငယ်ချင်းတွေက...

"ဟျောင့်ဘာဖြစ်တာလဲ...?"

"ငါ့..ငါ့ခြေထောက်အားးး"

"ဟျောင့်တွေအဲ့ကောင်ကိုချီကြပါဦး.."

အဲ့ကောင်သူငယ်ချင်းတွေကချီသွားကြသည်။
ဂျောင်ကုလည်းခပ်ဖွဖွပြုံးကာသူ့ထယ်လေးကိုကြည့်လိုက်တော့မုန့်စားပြီးရုပ်ရှင်အကြည့်မပျက်ပေ..

🍒Tae Tae🍒Where stories live. Discover now