{36}

2K 95 7
                                    

🍒Tᴀᴇ Tᴀᴇ🍒

"အာ...ဗိုက်နာလိုက်တာ..."

ထယ်ယောင်းတစ်ယောက်အိပ်နေရင်ဗိုက်နာလာလို့ကုတင်ပေါ်ကနေထထိုင်လိုက်သည်။
သူနာရီကိုကြည့်လိုက်တော့ည2နာရီပဲရှိသေးတာပင်...
သူလဲဖုန်းမီးဖွင့်ကာအိမ်သာထဲသို့၀င်လိုက်သည်။
သူကိစ္စပြီးတာနဲ့တံခါးဖွင့်ကာအပြင်ထွက်လိုက်တဲ့အချိန်...

"ဟင်း...ဟင်း...ဟင်း....ဟင်း..."

သူ့နားထဲညီးသံတစ်ခုကြားလိုက်ရသည်။
သူလဲဘေးကိုလျှောက်ပတ်ကြည့်တော့ဘာမှမတွေ့ရပေ...

ဒီအချိန်ကြီး...ဟင်း..ဟင်း...ဟင်း...ဆိုတော့..သ..သရဲများလား....???

ထယ်ယောက်ကြောက်စိတ်တွေတစ်ဖြန်းဖြန်းထလာရသည်။
သူလဲအမြန်ပင်အိပ်ခန်းထဲသို့၀င်လိုက်တော့ဆိုငြီးသံတွေဟာပိုကျယ်လာသလိုလို...
ထယ်ယောင်းလည်းထိုအသံလာရာကိုလိုက်ကြည့်တော့ကုတင်ပေါ်မှာအိပ်နေသောဂျောင်ကုဆီကပင်....

"ဟင်...ကိုကို...??"

ဂျောင်ကုမှာတစ်ကိုယ်လုံးတုန်နေသည်။
ထယ်ယောင်းလည်းဂျောင်ကုနှာဖူးပေါ်လက်တင်ကြည့်လိုက်တော့....

"အာ....ပူလိုက်တာ…..!!!!"

တစ်ကိုယ်လုံးပူကျစ်နေတဲ့ဂျောင်ကုကြောင့်ထယ်ယောင်းမှာသူ့ကိုကိုဖျားနေမှန်းသိလိုက်ရသည်။

"ကိုကို..ညနေကချွေးအအေးပတ်ပြီးဖျားသွားတာထင်တယ်..."

ထယ်ယောင်းလည်းတစ်အိမ်လုံးမီးတွေဖွင့်လိုက်ကာဆရာ၀န်ကြီးဖြစ်တဲ့ဟိုဆော့ဆီဖုန်းဆက်ရပါတော့သည်။


🍒Tᴀᴇ Tᴀᴇ🍒

"ခလော...ခလူး....ဖူး....."

အသံပေါင်းစုံထွက်ကာအိပ်ပျော်နေသောဟိုဆော့ပင်...
သူဒီနေ့ဆေးရုံမှာလူနာတွေကအရမ်းများတာမလို့ည11နာရီမှအိမ်ပြန်ရသည်။
သူလည်းအိမ်ပြန်ရောက်ပြီဆိုတာနဲ့အ၀တ်စားလဲကာတန်းအိပ်ပစ်တာအခုထိပင်...
သူအိပ်လို့ကောင်းနေတုန်း....

"ဒူးးးးးးဒူးးးးးးးဒူးးးးးးး"

စားပွဲခုံပေါ်တင်ထားတဲ့ဖုန်းကထမြည်လာသည်။
သူလဲအိပ်ချင်မူးတူးမျက်လုံးမဖွင့်ပဲနဲ့ဖုန်းထကိုင်လိုက်သည်။

🍒Tae Tae🍒Where stories live. Discover now