{38}

2.1K 92 4
                                    

🍒Tᴀᴇ Tᴀᴇ🍒

"ငါ...ငါဘယ်ရောက်နေတာလဲ...??"

ပန်းပေါင်းစုံပွင့်ဖူးနေတဲ့မြက်ခင်းပေါ်မှာထယ်ယောင်းလှဲလှောင်းနေခဲ့သည်။
သူထကာဘေးပတ်၀န်းကျင်ကိုကြည့်တော့လည်းဘယ်သူမှမရှိ...

"ထယ်လေး....ထယ်လေးရေ....."

ကြည်လင်လှပါသောအသံတစ်ခု...
ထယ်ယောင်းလည်းအနောက်ကိုလှည့်ကြည့်လိုက်တော့....
အဖြူရောင်၀တ်စုံလေးနဲ့သူ့ကိုပြုံးပြနေပါသောသူ့ကိုကို...
အပြုံးတွေကချိုမြိန်လှပြီးကြယ်လေးတွေလိုမျက်လုံးလေးများနဲ့သူ့ကိုကြည့်နေခဲ့သည်။

"ကိုကို....."

ထယ်ယောင်းလည်းမျက်ရည်လေးတွေ၀ဲသည်ကာဂျောင်ကုကိုပြေးဖက်လိုက်သည်။
ဂျောင်ကုကလည်းထယ်ယောင်းကိုယ်လေးကိုဖွဖွလေးပြန်ဖက်လိုက်သည်။

"ကိုကို...ဟင့်...ကိုကိုထယ့်ကိုထားသွားပြီထင်နေတာ....ဟင့်..."

"ကိုယ်ထယ်လေးကိုဘယ်တော့မှထားမသွားပါဘူးကွာ....ဒါပေမဲ့ကိုယ်တကယ်လို့ထယ်လေးကိုထားခဲ့ရရင်လည်းထယ်ကိုယ်တို့ရင်သွေးလေးကိုဂရုစိုက်ပေးပါ...နောက်ပြီးထယ်လေးကိုယ်တိုင်လည်းဂရုစိုက်ပါ.."

ဂျောင်ကုမှထယ်ယောင်းရဲ့နှာဖူးလေးကိုဖွဖွလေးနမ်းလိုက်ကာ...

"ထယ်လေး...ကိုယ်သွားရတော့မယ်..."

"ဟင်...??ကိုကိုဘယ်သွားမလို့လဲ...?ထယ့်ကိုမထားခဲ့ပါနဲ့..."

"ထယ်လေးမှာကိုယ်တို့ရင်သွေးလေးရှိသေးတယ်လေ...ထယ်လေးလိုက်လို့မရဘူး..."

"ဒါပေမဲ့.....ထယ့်ကိုတစ်ယောက်တည်းမထားခဲ့ပါနဲ့ကိုကို....ကိုကိုမရှိရင်ထယ်သေလိုက်မယ်...."

ထယ်ယောင်းရဲ့မျက်ရည်လေးတွေကိုဂျောင်ကုသုတ်ပေးကာ....

"ထယ်လေးအမြဲမှတ်ထားပေးပါ....ကိုယ်ထယ်လေးနားမှာမရှိတဲ့အချိန်ထယ်လေးကောင်းကောင်းမွန်မွန်ရှင်သန်ပေးပါ...နောက်ပြီးကိုယ်ရဲ့ရင်သွေးလေးကိုလဲကိုယ့်အစားစောင့်ရှောက်ပေးပါ....."

"ဟုတ်ကိုကို...ထယ်ကတိပေးပါတယ်...ဟင့်.."

"ထယ်လေးကိုယ်သွားရတော့မယ်ထင်တယ်..."

🍒Tae Tae🍒Where stories live. Discover now