{26}

2.5K 132 3
                                    

🍒Tᴀᴇ Tᴀᴇ🍒

ဂျောင်ကုတစ်ယောက်မနက်အစောကြီးထကာရေမိုးချိုးအ၀တ်စားလဲနေသည်။
သူ့ထယ်လေးနဲ့မတွေ့ရတာအခုဆို5ရက်ရှိပြီ...
အရင်ရက်တွေကcompanyရှိလို့မသွားဖြစ်တာပင်...
ဒီနေ့companyပိတ်ရက်မလို့ထယ်ယောင်းဆီသွားရန်ပြင်နေလျက်...

"ဒီနေ့တော့မရတော့ဘူးဟိုကောင့်jinကိုပြောရမယ်.."

ဂျောင်ကုတစ်ယောက်အကျီကြယ်သီးတတ်ရင်းပြောနေခြင်းပင်...
သူထယ်ယောင်းဆီရောက်ရင်jinကိုထယ်ယောင်းနဲ့သူချစ်သူဖြစ်နေတာကိုဖွင့်ပြောမည်ဖြစ်သည်။
ဒါပေမဲ့သူစိတ်ပူတာကjinလက်မခံမှာကိုပင်...

သူလည်းကားသော့ဆွဲယူကာကားထဲ၀င်သွားသည်။
ထိုနောက်ထယ်ယောင်းတို့အိမ်ဆီသို့....

🍒Tᴀᴇ Tᴀᴇ🍒

"ဒေါက်..ဒေါက်..ဒေါက်.."

ဂျောင်ကုလည်းအိမ်တံခါးကိုခေါက်လိုက်သည်။
ဒါပေမဲ့တော်တော်နဲ့ပွင့်မလာပေ...
ခဏကြာမှတံခါးကပွင့်လာသည်...

"ဘယ်သူပါ....?ဟင်..ကိုကို....!!"

အိပ်ချင်မူးတူးပုံစံဖြင့်တံခါးဖွင့်ပေးသောထယ်ယောင်း...
ည၀တ်အကျီပန်းရောင်လေးနဲ့ဆံပင်တွေကလည်းဟိုထောင်ဒီထောင်နဲ့ပင်...
ဂျောင်ကုမှာတော့ရောက်ရောက်ချင်းရွှေရင်အေးသွားရှာသည်။

"ထယ်လေး...အခုမှနိုးတာလား.."

"ဟုတ်ကိုကို..ကိုကိုကအစောကြီးဘာလို့ရောက်လာတာလည်း...??လာမယ်ဆိုထယ့်ကိုဖုန်းဆက်ပေါ့..."

"ကိုယ်ကထယ်လေးကိုလွမ်းလို့ပေါ့ကွာ..."

ဂျောင်ကုမှာသူ့အရှေ့ကရင်နှင့်သဲချာလေးကိုဖက်ဖို့လုပ်လိုက်တဲ့အချိန်...

"ထယ်ယောင်း...ဘယ်သူလာတာလည်း.."

စောင်ကြီးခြုံကာသူတို့ဆီလျှောက်လာပါသောjin...
မျက်လုံးကလည်းပွင့်တစ်၀က်မပွင့်တစ်၀က်ဖြင့်...
ဂျောင်ကုနဲ့ထယ်ယောင်းလည်းဖက်မလို့ချိန်နေရာမှခွာလိုက်ကာ...

"ကိုကိုရောက်နေတာhyung.."

"ဟေ...??ဂျောင်ကု..မင်းကဒီကိုအစောကြီးဘာလာလုပ်တာတုန်းကွ...ငါတောင်အိပ်လို့ကောင်းတုန်းကို..."

🍒Tae Tae🍒Where stories live. Discover now