{13}

3.6K 177 0
                                    

🍒Tᴀᴇ Tᴀᴇ🍒

"အိပ်ပုပ်လေး...ထတော့...."

"ကိုကိုကလည်း...5မိနစ်နေရင်ထမယ်..."

စောင်ပုံထဲမှာကွေးကွေးလေးအိပ်နေပြန်သောထယ်ယောင်း...
ဂျောင်ကုမှာတော့companyနားရက်မလို့ထယ်ယောင်းကိုနိုးသော်လည်းအိပ်ပုပ်လေးကအခုထိမထသေးပေ...

"ထယ်လေး5မိနစ်ပြည့်ပြီထတော့လေ..."

"ကိုကိုခနလေး......"

မျက်လုံးမဖွင့်ပဲနှာသံလေးကိုဆွဲပြောသောထယ်ယောင်းကြောင့်ဂျောင်ကုအပြုံးတွေမရပ်တန့်နိုင်ခဲ့....
သူလဲထယ်ယောင်းကိုကြည့်ကာစချင်သဖြင့်..

"အခုထယ်လေးမထဘူးဆိုရင်ကိုယ်ဆွဲနမ်းပစ်မှာနော်..."

ထိုအခါမှအလျင်အမြန်ထထိုင်ပါသောထယ်ယောင်းရယ်ပါ....
မျက်လုံးပွင့်တစ်ချက်မပွင့်တစ်ချက်ဖြင့်နှုခမ်းကြီးကိုဆူထားသည်။

"ကိုကိုကလည်း...အိပ်ချင်ပါတယ်ဆိုမှ...."

"အချိန်မနည်းတော့ဘူးလေထယ်လေးရဲ့...ရေသွားချိုးတော့..."

"ဒါပေမဲ့ထယ်အိပ်ချင်သေးတာကို...."

ဂျောင်ကုရင်ခွင်ထဲခေါင်းလေးထိုးကျလာသည်။
ဂျောင်ကုလည်းဆံပင်အုပ်အုပ်လေးတွေကိုနမ်းကာ....

"ကိုယ်မနက်စာပြင်ထားတယ်...ကိုယ်တို့နှစ်ယောက်အတူတူစားကြမယ်လေ..."

"ဟုတ်ကိုကို..."

*ရွှတ်*

ဂျောင်ကုပါးကိုနမ်းကာရေချိုးခန်းထဲပြေး၀င်သွားပါသောထယ်ယောင်း...
ကျန်ခဲ့တဲ့ဂျောင်ကုမှာတော့မျက်လုံးကြီးပြူးကာတောင့်တောင့်ကြီးထိုင်နေလေရဲ့...

ဟာ...ထယ်လေးလုပ်တာငါနှလုံးရပ်ပြီးသေတော့မလားမသိဘူး...

သူလဲအသက်ကိုမနဲရှုကာခုန်နေတဲ့ရင်ကိုဖိပြီးအခန်းထဲမှထွက်သွားလိုက်သည်။

🍒Tᴀᴇ Tᴀᴇ🍒

ထယ်ယောင်းလဲအ၀တ်စားလဲပြီးအခန်းပြင်ထွက်လာတော့ထမင်းစာပွဲမှာထိုင်စောင့်နေတဲ့ဂျောင်ကု...
သူလဲဂျောင်ကုနားမှာသွားထိုင်လိုက်သည်။

"ကိုကိုစောင့်ရတာကြာသွားလား...?"

"မကြာပါဘူးထယ်လေးရဲ့...ကိုယ်ပြင်ပေးထားတဲ့မနက်စာစားလိုက်ပါအုန်း...."

🍒Tae Tae🍒Where stories live. Discover now