{30}

2.6K 111 9
                                    

🍒Tᴀᴇ Tᴀᴇ🍒

"ကိုကို...ထယ်..ထယ့်ကိုအောက်ချပေးတော့လေ..."

ထယ်ယောင်းကပြောနေပေမဲ့ဂျောင်ကုကမသိချင်ယောင်ဆောင်လျက်....
အိမ်ပြန်ရောက်တာတောင်ထယ်ယောင်းကိုလက်ပေါ်ကမချတဲ့ဂျောင်ကုပါလေ.....
ဂျောင်ကုကထယ်ယောင်းကိုချီကာအိပ်ခန်းထဲသို့ခေါ်သွားကာအိပ်ရာပေါ်ချပေးလိုက်သည်။

"၀ိုးးးလှလိုက်တာ...."

ထယ်ယောင်းမှာတော့အခန်းကိုကြည့်ကာအလွန်ပင်အံသြမိသည်။
အခန်းတစ်ခုလုံးခရမ်းရောင်များစီချယ်ထားပြီးကုတင်ပေါ်ကအိပ်ရာခန်းအရောင်ကလည်းခရမ်းရောင်ပင်...
နောက်ပြီးနှင်းဆီပွင့်ချက်များလည်းနေရာအနှံ့မှာဖြန့်ကျဲထားလျက်...

"ထယ်လေးဒါကိုယ်တို့နှစ်ယောက်ရဲ့အခန်းလေ...ကြိုက်လား..."

"ကြိုက်တာပေါ့ကိုကိုရဲ့....ထယ့်အကြိုက်ခရမ်းရောင်တွေပဲကို..."

"ဟုတ်ပါပြီဗျာ...ဒါနဲ့နာရီကိုတစ်ချက်ကြည့်ပေးပါလားထယ်လေး..."

"နာရီ..?နာရီဟိုမှာလေကိုကိုရဲ့..."

"အဲ့နာရီတော့သိတာပေါ့ထယ်လေးရဲ့....ကိုယ်ကအချိန်ကိုမေးတာ...."

"9နာရီ20မိနစ်လေကိုကို..."

"9နာရီတောင်ကျော်နေပြီပဲ...ဒါဆိုကိုယ်တို့အိပ်ကြတော့မလား..."

ပြုံးစိစိမျက်နှာနဲ့သူ့ကိုကြည့်ကာပြောနေတဲ့ဂျောင်ကုကြောင့်ထယ်ယောင်းမှာထိုစကားရဲ့အဓိပ္ပာယ်ကိုနားလည်လိုက်သည်။
ထယ်ယောင်းလည်းထိုင်ရာအမြန်ထလိုက်ကာ...

"ထယ်...ထယ်ရေချိုးလိုက်အုန်းမယ်နော်ကိုကို..."

ယုန်လိုက်လို့ပြေးသည့်အလားရေချိုးခန်းထဲလှစ် ကနဲ၀င်သွားပါသောထယ်ယောင်း...
ဂျောင်ကုလည်းပိတ်သွားသောရေချိုးခန်းတံခါးကိုကြည့်ကာပါးစောင်ကိုလျှာနဲ့ထိုးပြီး...

ထယ်ရေချိုးခန်းထဲကထွက်လာရင်မလွယ်ဘူး..ဟင်းဟင်း....

ဂျောင်ကုကတော့လူရုပ်မာအပြုံးဖြင့်....











🍒Tᴀᴇ Tᴀᴇ🍒

"ဒီညကြီးကိုဘယ်လိုကျော်ဖြတ်ရပါမလဲ...ဟင်းးးး"

🍒Tae Tae🍒Where stories live. Discover now