{7}

4.2K 254 11
                                    

🍒Tᴀᴇ Tᴀᴇ🍒

"အာ...ပူလိုက်တာကွာ...."

ထယ်ယောင်းအိပ်နေတုန်းထထိုင်ကာအော်လိုက်မိသည်။
သူညကညည့်နက်တဲ့အထိဂိမ်းဆော့နေလို့မနက်အိပ်ပါမယ်ဆိုမှသေအောင်ပူနေလို့အိပ်လို့မရပေ..။

သူလဲစိတ်ရှုပ်ရှုပ်နဲ့လန်းဆန်းသွားအောင်ရေချိုးလိုက်သည်။
ရေချိုးပြီးတော့ရာသီဥတုကပူတဲ့အတွက်အကျီအပါးလေးနဲ့ဘောင်းဘီအတိုလေး၀တ်လိုက်သည်။

သူအခန်းထဲမှထွက်ပြီးရေခဲသေတ္တာကိုကြည့်လိုက်တော့ကပ်ထားတဲ့စာရွက်လေးတစ်ရွက်..
သူလဲယူပြီးဖတ်လိုက်သည်။

"ထယ်လေးကိုယ်companyသွားပြီနော် ထယ်လေးတွက်မနက်စာပြင်ပေးထားတယ် ဒီနေ့အရမ်းပူတာမလို့အပြင်မထွက်နဲ့ထယ်လေး အရမ်းပူရင်အဲယားကွန်းမြင့်လိုက်နော်
ပုံ=ဂျွန်ဂျောင်ကု"

ထယ်ယောင်းစာဖတ်ပြီးပြုံးနေမိသည်။
ရင်ထဲမှာလဲတစ်ဒုတ်ဒုတ်နဲ့ပင်...။

ဘာ..ဘာလို့ငါရင်ခုန်နေတာပါလိမ့်...

သူလဲဂျောင်ကုလုပ်ပေးထားတဲ့မနက်စာကိုစားနေလိုက်သည်။
သူလဲပူပင်မဲ့အပူဒဏ်ကိုအံတုရင်းမုန့်စားနေရသည်။

🍒Tᴀᴇ Tᴀᴇ🍒

"အလုပ်ကလဲများလိုက်တာကွာ...ပူကလည်းပူသေးတယ်..ကျစ်..."

ဂျောင်ကုလည်းအကျီကြယ်သီးနှစ်လုံးကိုဖြုတ်ကာအဲယားကွန်းပိုမြင့်လိုက်မိသည်။
သူလဲစိတ်ရှုပ်တာတွေပျယ်ပျောက်စေဖို့သီချင်းဖွင့်လိုက်သည်။
သူဖွင့်လိုက်တာကတော့Troye sivanရဲ့ strawberries and cigarettes သီချင်းပင်ဖြစ်သည်။
သူသီချင်းနားထောင်နေရင်း....

"🎶strawberries and cigarettes always taste like you..🎶
🎶စတော်ဘယ်ရီနဲ့စီးကရက်တွေက မင်းရဲ့အနမ်းများလိုပဲ..🎶"

ထိုသီချင်းအပုဒ်ကိုနားထောင်ပြီးဂျောင်ကုဟိုနေ့ကထယ်ယောင်းရဲ့စတော််ဘယ်ရီရေခဲမုန့်တွေပေနေတဲ့နှုခမ်းလေးမျက်လုံးထဲ၀င်လာသည်။

ပန်းရောင်သန်းနေတဲ့နှုခမ်းပါးလေး...
တကယ့်ကိုနူးနူးညံညံလေးရယ်...

ငါ..ဘာလို့ရေဆာနေတာပါလိမ့်...??

ဂျောင်ကုထယ်ယောင်းအကြောင်းတွေးပြီးရေဆာလာသည်။

🍒Tae Tae🍒Where stories live. Discover now