{1}

8.7K 435 17
                                    

🍒Tᴀᴇ Tᴀᴇ🍒

"Ceoရှင့်...အပြင်မှာkim seokjinလို့ခေါ်တဲ့လူတစ်ယောက်ရောက်နေပါတယ်...."

"ခေါ်လာခဲ့..."

Laptopထဲကလုပ်စရင်းတွေကိုအကြည့်မပျက်ပဲပြောလိုက်တဲ့ဂျောင်ကု...
၀န်ထမ်းမလေးလည်းသူ့ကိုအရိုအသေပေးပြီးထွက်သွားသည်။
ခဏနေတော့သူ့အခန်းထဲ၀င်လာတဲ့jin...

Jinဆိုတာကတော့သူ့သူငယ်ချင်းဖြစ်သည်..
Jinလည်းသူ့လိုပဲအသက်ငယ်ငယ်နဲ့Kim companyရဲ့ ceoဖြစ်နေတာပါပဲ...။

"စောစောစီးစီးဘာလာလုပ်တာလဲ...?"

"ငါမင်းကိုအကူညီတောင်းစရာရှိလို့လာခဲ့တာ.."

"ဘာကိုအကူညီတောင်းမှာလဲ..."

Laptopကိုအကြည့်မပျက်ပဲပြန်ပြောနေတဲ့ဂျောင်ကုကြောင့်jinစိတ်မရှည်တော့ကာ...

"ရားးးးးမင်းအဲ့laptopကိုပဲကြည့်မနေနဲ့...အလုပ်ကမသေခင်ထိလုပ်လို့ရတယ်..ငါပြောမယ်စကားကိုလည်းသေချာနားထောင်ပါဦးဟ..."

Jinပြောမှlaptopကိုပိတ်လိုက်သည်။

"ပြောစရာရှိတာပြော...??"

"ငါသဘက်ခါLAကိုအလုပ်ကိစ္စနဲ့ခရီးထွက်စရာရှိတယ်5လလောက်ကြာလိမ့်မယ်..."

"ကောင်းတယ်..သွားလေငါကဘာကိုကူညီပေးရမှာတုန်း...??"

"ငါ့စကားမဆုံးသေးဘူး...ငါ့မှာညီလေးတစ်ယောက်ရှိတယ်လေ..ငါLAကိုသွားရင်သူတစ်ယောက်ထဲကျန်ခဲ့မှာကွ...အဲ့တာကြောင့်မင်းဆီမှာခဏထားခဲ့မလို့..."

"ဘယ်လို..???မင်းညီကိုငါ့အိမ်မှာ5လလုံးငါနဲ့နေခိုင်းမလို့....??မဖြစ်ဘူး...ငါကရှုပ်ရှုပ်ရှက်ရှက်တွေမကြိုက်ဘူး....."

"မရှုပ်ရှုပ်ရှက်ရှက်ပါဘူးကွာ...ငါ့ညီလေးကအရမ်းလိမ္မာတာ...တစ်နေကုန်ခုံမှာထိုင်ပြီးငြိမ်ငြိမ်လေးနေတာ...ပြီးတော့ပြောစကားလည်းနားထောင်တယ်..."

Jinကတော့သူ့ညီကိုချီးမွှန်းခန်းဖွင့်နေလေရဲ့..
ဂျောင်ကုတောင်နားတောင်ညီးလာသလိုလိုဖြစ်လာသည်။

"နော်..လုပ်ပါကွာ...မင်းကလည်း5လလေးထဲကို...နော်...."

အသနားခံသလိုငိုမဲ့မဲ့ရုပ်ဖြင့်ပြောနေသောjin..
ဂျောင်ကုလည်းသူ့သူငယ်ချင်းဆိုလို့ jinတစ်ယောက်ပဲရှိတာကတစ်ကြောင်းပြီးတော့5လတည်းသွားမှာဆိုတော့ခေါ်ထားဖို့တွေးလိုက်သည်။

🍒Tae Tae🍒Where stories live. Discover now