{24}

2.8K 137 1
                                    

🍒Tᴀᴇ Tᴀᴇ🍒

ဂျောင်ကုတစ်ယောက်မနက်7နာရီအစောကြီးနိုးနေခဲ့သည်။
သူလဲအိပ်ရာမှထပြီးဘေးကိုကြည့်လိုက်တော့အသေအိပ်နေပါသောတစ်ကောင့်သားယွန်းဂီ..
သူလဲထိုအချေကောင်ကိုထားခဲ့ပြီးအခန်းထဲကထွက်လာခဲ့သည်။

အခန်းအပြင်၀ရံတာမှာမတ်တပ်ရပ်နေတုန်းမနေ့ကအဖြစ်ပျက်ဆီအတွေးရောက်သွားခဲ့သည်။

သူမနေ့ကိစ္စကြောင့်သူ့ထယ်လေးအခုထိစိတ်ကောက်နေမှာအမှန်ပင်...
အဲ့ဒီနေ့ကသူနဲ့ယွန်းဂီအပြင်မှာလမ်းလျှောက်ထွက်နေတုန်းcompanyတစ်ခုရဲ့ceoနဲ့တွေ့သည်။
ထိုceoကသူကျင်းပတဲ့ပါတီပွဲကိုလာရန်အတင်းခေါ်လို့ယွန်းဂီနဲ့သူအားနာပြီးလိုက်သွားလိုက်တာပင်...
အဲ့ရောက်တော့မော်ဒယ်မတွေကသူတို့ကိုအီစီကလီလာလုပ်နေတာမို့ဘုနဲ့ဘောက်နဲ့ပြောထုတ်ဖို့လုပ်နေပင်မဲ့လည်းသူတို့ဘေးမှာရှယ်ရာရှင်တွေရှိနေတော့မကောင်းတာမလို့အလိုက်တစ်သိနေပေးခြင်း...
ဒါကိုထယ်ယောင်းနဲ့ဂျီမင်ကတွေ့ပြီးသူနဲ့ယွန်းဂီကိုအခုထိစကားမပြောချင်းပင်...

ဟူး....ငါ့ကိုထယ်လေးစိတ်ကောက်နေတာပဲ...

ဂျောင်ကုလည်းထယ်ယောင်းကိုချော့ဖို့အစီစဥ်ဆွဲပြီးရေချိုးခန်းသို့ဦးတည်လျက်...

🍒Tᴀᴇ Tᴀᴇ🍒

"အ့...ကျစ်ကျစ်..ခေါင်းကိုက်လိုက်တာ..."

ထယ်ယောင်းခေါင်းကိုထုကာနိုးလာခဲ့သည်။
သူမနေ့ညကအကြာကြီးငိုခဲ့တာကြောင့်ခေါင်းကိုက်၀ေသနာကိုခံစားနေရချင်းပင်...
သူလည်းဘေးကိုကြည့်လိုက်တော့စောင်ထဲမှာကွေးကာအိပ်နေသောဂျီမင်....
သူလည်းဂျီမင်ကိုထားခဲ့ကာရေချိုးခန်းထဲ၀င်လိုက်သည်။

သူရေချိုးခန်းကမှန်မှာကိုယ့်ကိုကိုယ်ပြန်ကြည့်မိလိုက်သည်။
ငိုထားတာကြောင့်ဖောင်းအစ်နေတဲ့မျက်လုံးတွေ...
နှာခေါင်းထိပ်ရဲရဲလေး...
ရှုပ်ပွနေတဲ့ဆံပင်တွေ...

"ဟင်း.....ငါလည်းကိုကိုနဲ့ပတ်သက်ရင်အရူးလိုဖြစ်နေပါပြီလား...အင်းလေ...ငါကချစ်တာကို...ချစ်ပင်မဲ့မနေ့ကကိစ္စအတွက်ကိုကို့ကိုစိတ်ကောက်ပစ်အုန်းမယ်..."

🍒Tae Tae🍒Where stories live. Discover now