{31}

2.3K 106 3
                                    

🍒Tᴀᴇ Tᴀᴇ🍒

အေးမြလှသောမနက်ခင်းအစောပိုင်းတွင်ဂျောင်ကုနိုးလာခဲ့သည်။
မျက်လုံးတွေမဖွင့်ချင်သော်လည်းသူcompanyသွားရအုန်းမည်မလား..
သူမထခင်လေးဘေးမှာကွေးကွေးလေးအိပ်နေတဲ့ထယ်ယောင်းကိုကြည့်ကာပြုံးမိသည်။
နိုးနိုးချင်းကိုယ်ချစ်တဲ့လူရဲ့မျက်နှာကိုတွေ့ရတာသူ့အတွက်တော့အပြုံးပန်းတွေ၀ေစာစေသည်။
သူလဲအိပ်ပျော်နေသောထယ်ယောင်းရဲ့နှာဖူးလေးကိုနမ်းလိုက်သည်။

*ရွှတ်*

နမ်းပြီးထယ်ယောင်းမနိုးစေရန်ဖြေးဖြေးလေးထလိုက်သည်။
ထယ်ယောင်းကိုစောင်လေးခြုံပေးကာရေချိုးခန်းထဲ၀င်လိုက်သည်။

🍒Tᴀᴇ Tᴀᴇ🍒

ဂျောင်ကုအောက်ပိုင်းကိုသပတ်ဖြင့်ပတ်ကာရေချိုးခန်းထဲကထွက်လာလိုက်သည်။
သူထွက်လာချင်းမြင်လိုက်ရတာကအိပ်ချင်မူးတူးကုတင်ပေါ်မှာထိုင်နေတဲ့ထယ်ယောင်းကိုပင်...

"ထယ်လေး...."

ထယ်ယောင်းတစ်ယောက်ဂျောင်ကုခေါ်သံကြားမျက်လုံးပွင့်တစ်ချက်မပွင့်တစ်ချက်နဲ့လှမ်းကြည့်လိုက်တော့တွေ့လိုက်ရတာက..
တစ်ကိုယ်လုံးဘာမှမ၀တ်ထားပဲသပတ်တစ်ထည်တည်းသာပတ်ထားတဲ့ဂျောင်ကု...

ထိုပုံစံကြောင့်ထယ်ယောင်းမှာအိပ်ချင်နေတဲ့မျက်လုံးတောင်ပြူးသွားရသည်။
Sixpackတွေဟာပေါင်မုန့်တွေလိုအထင်းသား...
လက်မှာထိုးထားသောတတ်တူးများကလည်းဆွဲမက်စရာ....

*ဂလု*

ထယ်ယောင်းသတွေးသာမြိုချမိသည်။
ဂျောင်ကုအခုလိုပုံစံမြင်တော့လည်းသူရင်ခုန်မိပြန်သည်။

ဂျောင်ကုမှာတော့သူခေါ်တာပြန်မထူးပဲသူ့ကိုငေးကြည့်နေတဲ့ထယ်ယောင်းကြောင့်ဘာမှန်းမသိပေ....

"ထယ်လေး....!!!"

"ဟင်...ကိုကို....?"

ဂျောင်ကုအော်လိုက်မှအသိစိတ်ပြန်၀င်သွားတဲ့ထယ်ယောင်းပါလေ...

"ထယ်လေးအစောကြီးနိုးနေပါလား...?အိပ်မပျော်လို့လား..??"

"မ..မဟုတ်ပါဘူးကိုကို....ထယ်သွားစရာရှိလို့..."

🍒Tae Tae🍒Where stories live. Discover now