{12}

3.6K 181 1
                                    

🍒Tᴀᴇ Tᴀᴇ🍒

အခုဆိုဂျောင်ကုနဲ့ထယ်ယောင်းအတူတူနေတာ3လကျော်ပြီဖြစ်သည်။

3လအတွင်းမှာဂျောင်ကုကထယ်ယောင်းကိုချစ်မြဲချစ်ဆဲပင်...
ထယ်ယောင်းကိုအမြဲဂရုစိုက်ပေးသလိုအလိုလဲလိုက်သည်။
ဒါပေမဲ့သူဖွင့်တော့မပြောရသေးပေ...
ဖွင့်ပြောဖို့လဲစဥ်းစားထားသည်။
ဂျောင်ကုထယ်ယောင်းကိုချစ်နေတာကိုယွန်းဂီနဲ့ဂျီမင်ကိုဖွင့်ပြောထားသည်။
ယွန်းဂီနဲ့ဂျီမင်တို့လည်းဂျောင်ကုထယ်ယောင်းကိုချစ်နေတာသိသွားကြပြီဖြစ်သည်။

ထယ်ယောင်းကလည်းဂျောင်ကုကိုချစ်မိနေသည်။
ဒီ3လအတွင်းသူ့ကိုလိုလိုသေးမရှိဂရုစိုက်ကြင်နာပေးတဲ့ဂျောင်ကုကိုသူချစ်မိသွားခဲ့သည်။
ဒါပေမဲ့ဂျောင်ကုကိုဖွင့်မပြောမိ...ဂျောင်ကုဖွင့်ပြောမှသူပြောမယ်လို့စဥ်းစားထားသည်။

ဂျောင်ကုနဲ့ထယ်ယောင်းကတော့အဆင်ပြေနေကြပေမဲ့ယွန်းဂီနဲ့ဂျီမင်မှာတော့အရင်လိုကြောင်နဲ့ကြွက်ပင်...

ယွန်းဂီနဲ့ဂျီမင်ကရည်းစားအယောင်ဆောင်ထားကြတုန်းပင်..
ဂျီမင်အကိုဟိုဆော့ကလည်းအလုပ်ကိစ္စတစ်ခုကြောင့်LAကိုရောက်နေလေရဲ့...
ဂျီမင်အဖေကယွန်းဂီနဲ့ဂျီမင်နှစ်ယောက်ကိုသဘောအတူလွန်ပြီးလက်ထက်ဖို့ပြောလို့ဂျီမင်နဲ့ယွန်းဂီမှာမနဲတားထားရသည်။
ဂျီမင်အဖေတင်မဟုတ်ယွန်းဂီမိဘများကပါသဘောတူကြသည်။

နှစ်ဖက်မိဘတွေမသိတာကတော့အယောင်ဆောင်ရည်းစားဆိုတာကိုပင်...

ဒါပေမဲ့ယွန်းဂီနဲ့ဂျီမင်တို့မသိတာကသူတို့ရဲ့နှလုံးသားကိုဖြစ်သည်။
ယွန်ဂီနှလုံးသားထဲမှာတော့ပုလုံးကောင်လေးကနေရာယူထားပြီး...
ဂျီမင်ရဲ့နှလုံးသားထဲမှာတော့လူဖြူကောင်ကြီးကနေရာယူထားတာကိုသူတို့ကိုယ်သူတို့မသိကြပေ...

🍒Tᴀᴇ Tᴀᴇ🍒

"ကိုကိုရေ...ကိုကို...!!!"

ထယ်ယောင်းတစ်ယောက်အော်ပြီးအခန်းပြင်သို့ထွက်လာလိုက်သည်။
အပြင်မှာဘယ်သူမှမရှိတိတ်ဆိတ်ငြိမ်သက်နေသည်။
ထယ်ယောင်းမျက်မှောင်ကုတ်မိသွားသည်။

🍒Tae Tae🍒Where stories live. Discover now