{8}

4K 253 23
                                    

🍒Tᴀᴇ Tᴀᴇ🍒

"ထယ်ယောင်းရေ....ငါလာတယ်...!!!"

အာပြဲကြီးနဲ့အခန်းပေါက်၀မှအော်နေသောဂျီမင်ကြောင့်ထယ်ယောင်းနားသာပိတ်နေရသည်။
ဂျီမင်ကသူမနိုးခင်ကတည်းကဘာစိတ်ကူးပေါက်ပြီးအိမ်ကိုရောက်လာလဲမသိပေ...

"မင်းမထရင်ငါမင်းဖင်ကို၈စိတ်ကွဲအောင်ရိုက်မှာနော်..."

ထယ်ယောင်းလည်းအမြန်ပင်အိပ်ယာပေါ်ကထလိုက်သည်။
ဂျီမင်လက်သန်ပြောင်တာကိုသူအသိဆုံးပင်...

အဲ့ကောင်ရိုက်လို့ငါ့ဖင်လေးကွဲသွားရင်ဘယ်လိုလုပ်မလဲ..?မဖြစ်ဘူး..!!

သူထလာတာကိုဂျီမင်ကကြည့်ပြီး...

"Broရာ..ဖင်ကွဲမှာတော့ကြောက်သားပဲ.."

"ချီးကို...!!စောစောစီးစီးလာပြီးဒုက္ခပေးနေတယ်..."

"စကားကလည်းများလိုက်တာကွာကင်ထယ်မျောက်ရယ်...ရေသွားချိုးပါအုန်းဟ..."

"ငါကချိုးမှာမင်းလိုညစ်ပတ်တဲ့ဂျပုမှမဟုတ်တာ..."

"ဘာ....ထယ်စုတ်...!!!!"

ဂျီမင်ကိုလျှာထုပ်ပြကာရေချိုးခန်းထဲ ၀ှီး ကနဲ၀င်သွားပါသောထယ်ယောင်းရယ်ပါ။

ဂျီမင်လည်းအခန်းအပြင်ထွက်ကာဆိုဖာပေါ်မှာထိုင်ပြီးTVကြည့်နေလိုက်သည်။

ထယ်ယောင်းလည်းရေချိုးအ၀တ်စားလဲပြီးအခန်းအပြင်ထွက်လိုက်တော့ဆိုဖာပေါ်မှာTVကြည့်နေတဲ့တစ်ကောင့်သားဂျီမင်...
ထယ်ယောင်းကိုလည်းတွေ့ရောထိုင်ရာမှထလာသည်။

"မင်းပြီးပြီလား...ငါပြစရာရှိလို့..."

"နောက်မှပြကွာ...ငါ့ကိုကိုလုပ်ပေးထားတဲ့မနက်စာသွားစားအုံးမယ်..."

"ပြောလိုက်ရင်တစ်ကိုကိုထဲကိုနေတာပဲ..ငါလဲမင်းသူငယ်ချင်းပါနော်..."

"အံမယ်...မင်းကသူငယ်ချင်းဖြစ်ပြီးဘာအားကိုးဖော်ရလို့လဲ..ငါ့ကိုကိုကငါ့ကိုဂရုလဲစိုက်ပေးတယ်...ဟင်းလည်းချက်ကျွေးတယ်...ငါသွားချင်တဲ့နေရာတွေလိုက်ပို့ပေးတယ်...စိတ်လဲပူပေးတယ်..."

ထယ်ယောင်းပြောတာတွေကိုနားထောင်ပြီးမဲ့ရွဲ့နေပါသောဂျီမင်...

🍒Tae Tae🍒Where stories live. Discover now