{9}

4.1K 226 2
                                    

🍒Tᴀᴇ Tᴀᴇ🍒

"ဟမ်...??ကိုကိုအဟွတ်...အဟွတ်.."

"အဟွတ်..အဟွက်..."

ထယ်ယောင်းနဲ့ဂျီမင်မှာတော့သီချင်းဆိုနေရင်းတန်းလန်းမီးသတ်ဆေးမှုန့်တွေပေကျံကုန်သည်။
မီးသတ်ဆေးတွေပေတာထယ်ယောင်းနဲ့ဂျီမင်မှာမျက်နှာတောင်မမြင်ရတော့ပေ...

"ထယ်..ထယ်လေး..."

"ကိုကို...ဘာလို့မီးသတ်ဆေးတွေနဲ့ကျွန်တော်တို့ကိုဖြန်းလိုက်တာလဲ...?အခုဆိုကျွန်တော်တို့လူရုပ်တောင်မပေါ်တော့ဘူး..."

"ကိုယ်က fire လို့အော်သံကြားလို့မီးအချက်ပေးသံထင်ပြီးဖြန်းလိုက်မိတာ...ကိုယ်မရေရွယ်ပါဘူးထယ်လေးရယ်..."

"ဂျောင်ကု hyung...ခင်ဗျားလုပ်လို့ကျွန်တော်အကျီအသစ်လေးပေကုန်ပြီ..."

"ဒီဂျပုစုတ်ကတစ်မျိုး..."

"ဂျီမင်လာ...ငါတို့အကျီသွားလဲရမယ်..."

"အေးအေး.."

ထယ်ယောင်းကဂျီမင်ကိုလက်ဆွဲပြီးသူ့အခန်းထဲသို့ခေါ်သွားသည်။
ထိုမြင်ကွင်းကိုကြည့်ပြီးအူတိုနေတာကတော့ဂျောင်ကုပင်...

ဒီဂျပုကောင်ကများငါ့ထယ်လေးနဲ့အတူအကျီလဲရတယ်လို့....ထယ်လေးသူငယ်ချင်းမို့လို့ပေါ့မဟုတ်ရင်အမှုန့်ကြိတ်ပစ်တယ်....

ဂျောင်ကုအူတိုနေမှန်းဘေးကယွန်းဂီကသိသည်။
ယွန်းဂီလည်းဂျောင်ကုကျောကုန်းကိုပုတ်ကာ...

"စိတ်လျော့ပါငါ့ကောင်ကြီးရာ...အူတိုတာဆိုတာအိပ်တာလောက်မကောင်းပါဘူးကွာ..."

"ဒီကာလနဂါးကောင်ကတစ်မျိုး..."

ဂျောင်ကုလည်းပါးစောင်ကိုလျှာနဲ့ထိုးပြီးဆိုဖာပေါ်မှာထိုင်နေလိုက်သည်။
ယွန်းဂီလည်းဂျောင်ကုဘေးမှာထိုင်လိုက်သည်။

🍒Tᴀᴇ Tᴀᴇ🍒

"ထယ်ယောင်ရာ..မင်းအကျီကလည်းခါးရှည်လိုက်တာကွာ..."

"ငါ့အကျီကခါးရှည်တာမဟုတ်ဘူး...မင်းကသာဂျပုဖြစ်နေလို့မတော်တာ..."

"ဒီကောင်ငါဖျက်ရိုက်လိုက်ရ...."

"စကားမများစမ်းပါနဲ့ဂျီမင်ရယ်...အပြင်မှာကိုကိုနဲ့ကိုကို့သူငယ်ချင်းလားမသိဘူးစောင့်နေတယ်...သွားကြမယ်.."

🍒Tae Tae🍒Dove le storie prendono vita. Scoprilo ora