{4}

5.1K 299 25
                                    

🍒Tᴀᴇ Tᴀᴇ🍒

"ဟူးးးးးပြင်းလိုက်တာ..."

ထယ်ယောင်းလဲအိပ်ယာပေါ်လူးလိမ့်ရင်းကိုင်ထားသည့်ဖုန်းကိုပစ်ချလိုက်သည်။
မနေ့ကညနေသူပြန်လာကတည်းကစကားမပြောတဲ့ဂျောင်ကုကိုသူရိပ်မိပါသည်။
မနေ့ကညစာစားကတည်းကသူစကားပြောတိုင်း"အင်း"အွန်း"အော်"တွေသာပြန်ဖြေတဲ့ဂျောင်ကု...
ထယ်ယောင်းလည်းဂျောင်ကုဘာကြောင့်သူနဲ့စကားမပြောလဲမသိပေမဲ့၀မ်းတော့နည်းမိသည်။

ကိုကိုငါ့ကိုဘာလို့စကားမပြောတာလဲ...??ငါ့အမှားတစ်ခုခုလုပ်မိလို့လား..??ကိုကိုဆီသွားတောင်းပန်ရမယ်...

ထယ်ယောင်းလည်းအကျီလဲပြီးအိမ်ပြင်ထွက်ကာ Jeon company သို့သွားရန်ကားငှားလိုက်သည်။

🍒Tᴀᴇ Tᴀᴇ🍒

"Ceoဘာသောက်မလဲရှင့်..."

"ဘာမှမသောက်တော့ဘူး..သွားတော့.."

"ဟုတ်ကဲ့.."

ဂျောင်ကုတစ်ယောက်နောက်နေသောခေါင်းကိုသက်သာစေရန်လက်နဲ့ခေါင်းကိုဖိကာနှိပ်နေမိသည်။

မနေ့ကညနေကတွေ့လိုက်ရပါသောပုကွကွကောင်နဲ့ထယ်ယောင်းကိုစစတွေ့တုန်းကချစ်သူတွေလို့သူထင်လိုက်မိပါသေးသည်။
ဒါပေမဲ့ပုကွကွကောင်ကသူငယ်ချင်းလို့ပြောတော့မှသူ့ရင်ထဲကအလုံးကြီးကျသွားခဲ့သည်။
အဲ့ကိစ္စကြောင့်သူထယ်ယောင်းကိုစိတ်ဆိုးချင်သလိုဖြစ်ပင်မဲ့စိတ်မဆိုးရပ်ခဲ့ပါ။
ဒါပေမဲ့သူစိတ်ဆိုးပြီးစကားမပြောရင်ထယ်ယောင်းဘယ်လိုတုန့်ပြန်မလဲဆိုတာသိချင်မိသည်။
ဒါကြောင့်သူမနက်ကောညကောထယ်ယောင်းနဲ့စကားမပြောခဲ့ပါ။

အခုတော့သူထယ်ယောင်းကိုအရမ်းလွမ်းနေသလိုစကားတွေလည်းအများကြီးပြောချင်မိသည်။
သူ့ရဲ့စကားမပြောတဲ့အစီစဥ်ကြီးကိုလဲအိမ်ရောက်ရင်ဖျက်ရန်စဥ်းစားလိုက်သည်။

ထယ်ရေ..ကိုယ်အိမ်ပြန်အိမ်ရောက်ရင်ကိုယ်တို့နှစ်ယောက်တီတီတာတာလေးတွေပြောကြမယ်နော်...

အတွေးကိုယ်စီပတ်ချာ၀ိုင်းနေတုန်းအတွင်းရေးမှူးက၀င်လာသည်။

"ကင်မ်ထယ်ယောင်းဆိုတဲ့ကောင်လေးက၀င်ခွင့်တောင်းနေလို့ပါceo..."

🍒Tae Tae🍒Where stories live. Discover now