{10}

4K 215 7
                                    

🍒Tᴀᴇ Tᴀᴇ🍒

"ထယ်လေးကိုကိုယ်ချစ်တယ်..."

"ထယ်လဲကိုကို့ကိုချစ်တယ်.."

*kiss*

"အားးးးးး!!!!!!"

ထယ်ယောင်းတစ်ယောက်အိပ်မက်ထဲမှအလန့်တစ်ကြားနိုးလာခဲ့သည်။
အိပ်မက်ထဲမှာသူနဲ့ဂျောင်ကုနမ်းနေသည်ကိုထင်ထင်ရှားရှားမြင်လိုက်ရသောကြောင့်ဖြစ်သည်။

ဘယ်လိုအိပ်မက်ကြီးပါလိမ့်...!!နေရခတ်လိုက်တာ...!!

ထယ်ယောင်းလဲရေချိုးခန်းထဲပြေး၀င်ပြီးရေချိုးလိုက်သည်။
ရေချိုးပြီးအကျီအ၀တ်စားတို့၀တ်ပြီးကာမှအခန်းအပြင်ကထွက်လာလိုက်သည်။
ထိုနောက်သူမနက်တိုင်းသွားနေကြရေခဲသေတ္တာဆီသွားလိုက်တော့အရင်လိုကပ်ထားတဲ့သာရွက်လေးရှိမနေခဲ့ပေ....

ဘာလို့စာရွက်ကရှိမနေရတာလဲ....??

ထယ်ယောင်းတစ်ယောက်မြင်နေကြစာရွက်လေးကိုမတွေ့တော့စိတ်ထဲအလိုမကျသလိုလိုပင်...

"🎶Take my hands now....you are the cause of my euphoria....🎶"

ထယ်ယောင်းသူ့အနောက်ကသီချင်းဆိုသံကြားလို့လှည့်ကြည့်လိုက်တော့မီးဖိုချောင်ထဲမှာအအေးဖျော်နေပါသောဂျောင်ကု...
ဂျောင်ကုကထယ်ယောင်းကိုတောင်မမြင်ပေ..
သီချင်းတစ်အေးအေးနဲ့အအေးကိုဖျော်နေသည်။

ထယ်ယောင်းလည်းဂျောင်ကုနားသွားကာ...

"ကိုကို...."

"အော်..ထယ်လေးတောင်နိုးနေပြီလား...ကိုယ်မနက်စာပြင်ပေးထားတယ်ကိုယ်တို့နှစ်ယောက်အတူတူစားကြတာပေါ့..."

"ဟုတ်ကိုကို...ကိုကိုကဒီနေ့companyမသွားဖူးလား...??"

"ဒီနေ့ကCompanyပိတ်ရက်လေထယ်လေးရဲ့.."

"အော်..ဟုတ်သားပဲဟီး..."

ထယ်ယောင်းလဲဂျောင်ကုပြင်ပေးထားတဲ့မုန့်တွေကိုပလုတ်ပလောင်းစားနေလေရဲ့...။
ဂျောင်ကုမှာတော့black coffee တစ်ခွက်နှင့်သာ...
ထယ်ယောင်းလည်းစားနေရာမှဂျောင်ကုကိုကြည့်ပြီး...

"ကိုကို..မုန့်တွေမစားဘူးလားဒီကော်ဖီအခါးကြီးပဲသောက်နေတော့မှာလား..??"

🍒Tae Tae🍒Where stories live. Discover now