ဒီနေ့ကိုကိုအလုပ်ပိတ်တယ်လေ...ဘယ်တွေသွားနေတာပါလိမ့်...??

ထယ်ယောင်းလည်းရေခဲသတ္တာဆီသွားကြည့်လိုက်တော့ကပ်ထားတဲ့စာရွက်မရှိပေ...။
ဂျောင်ကုကဘယ်သွားသွားထယ်ယောင်းကိုပြောတာဒါမှမဟုတ်စာရေးပေးလျက်ရှိသည်။
ဒီနေ့ကြတော့စာရွက်ဆိုတာဘာအစအနတောင်မတွေ့ရပေ...

ကိုကိုစာလဲမရေးသွားဘူး...မနက်ကလဲငါ့ကိုဘယ်သွားမယ်ပြောမထားပါဘူး...??ကိုကိုဘယ်တွေများသွားနေလဲမသိဘူး...ဟွန့်...

ထယ်ယောင်းလည်းနှုခမ်းကြီးဆူပြီးဆိုဖာပေါ်
ထိုင်ကာTvဖွင့်ကာကြည့်နေသည်။

🍒Tᴀᴇ Tᴀᴇ🍒

"ယွန်းဂီနဲ့ဂျီမင်..ငါဒီမှာ..."

ဂျောင်ကုအော်လိုက်တော့ယွန်းဂီနဲ့ဂျီမင်ကကော်ဖီဆိုင်ထဲ၀င်လာသည်။

"Sorryကွာ...ငါနဲ့ဂျီမင်နဲနဲနောက်ကျသွားတယ်..."

"ရပါတယ်ယွန်းဂီရာ...ဒါမင်းတို့ငါလုပ်ခိုင်းထားတာအိုကေလား...?"

"Ok တာပေါ့ဂျောင်ကုhyungရာ..."

"Okတယ်ဂျောင်ကု...အကုန်အဆင်သင့်ပဲ..."

"ကျေးဇူးပါကွာ...မင်းတို့နှစ်ယောက်ရဲ့ကျေးဇူးကိုဒီတစ်သက်မမေ့ပါဘူး..."

"ရပါတယ်ဂျောင်ကုhyungရာ...ကဲအားလုံးဖိုက်တင်း...!!"

"ဖိုက်တင်း...!!!"

သုံးယောက်သားလက်မောင်းခြင်းတိုက်ပြီးအောင်နိုင်သူအပြုံးတွေဆင်မြန်းထားကြသည်။

🍒Tᴀᴇ Tᴀᴇ🍒

"ဟာ...6နာရီတောင်ထိုးတော့မယ်ဘာလို့ကိုကိုကပြန်မလာသေးတာလဲ...!!"

ဆိုဖာပေါ်မှာလှဲနေရင်းထယ်ယောင်းညီးတွားမိသည်။
မနက်ကတည်းကဘာမှမပြောပဲအပြင်ထွက်သွားပြီးအခုချိန်အထိပြန်မလာသေးတဲ့ဂျောင်ကုကိုစိတ်ပူမိသည်။

"ကိုကိုတစ်ခုခုများဖြစ်လို့လား...!!!??"

တိန်..!!!

သူပြောလို့တောင်မဆုံးသေးထယ်ယောင်းဖုန်းမှစာ၀င်လာသည်။
ထယ်ယောင်းလည်းဖုန်းယူကာကြည့်လိုက်တော့ဂျီမင်ပို့ထားတာပင်...
ထယ်ယောင်းစာကိုဖတ်ကြည့်လိုက်တော့......

🍒Tae Tae🍒Tempat cerita menjadi hidup. Temukan sekarang