အပိုင်း ၉၁၃ : ဂရန်းမာစတာက မန္တန်တစ်သောင်းမျောက်ကို အနိုင်ယူခြင်း (၂)

Start from the beginning
                                    

လင်းဖုန်းသည် ထိုကဲ့သို့သော မချိုးဖောက်နိုင်သည့် စွမ်းအားများကို ကြမ္မာပန်းတိုင် အဆင့်တွင် ရှိနေသော မှော်ရတနာ တစ်ပါးဖြစ်သည့် အင်မော်တယ် နဂါးမြို့တော်ထံတွင်သာ တွေ့ခဲ့ဖူးသည်။ သို့သော်လည်း အင်မော်တယ် နဂါးမြို့တော်၏ ကြီးကျယ်မြင့်မြတ်သည့် အော်ရာနှင့် ယှဥ်လိုက်လျှင် မျောက်သည် ခက်ထက်ကြမ်းတမ်းကာ ရက်စက်ကြမ်းကြုတ်၍ ဖိနှိပ်နိုင်ကာ အရှုံးမပေးသော စွမ်းအားများကို ထုတ်ဖော်ပြသနေခဲ့သည်။

ဒါသည် အသွင်ပြောင်းလဲခြင်း တစ်သောင်း မှော်ကျိန်စာ အပြင် သူပိုင်ဆိုင်ထားသော နောက်ထပ် ပင်ကိုစွမ်းရည် တစ်ခုဖြစ်သည်။ ထိုစွမ်းရည်ကြောင့်ပင် ရွှေပုစဥ်း ဆရာတော်သည် ကျိန်စာရွှေကွင်းကို အသုံးပြုကာ ဤမျောက်ကို ချုပ်နှောင်ထားခဲ့ရခြင်း ဖြစ်သည်။ သူ့အား အနိုင်ယူနိုင်ရန် အလွန်အမင်း ခက်ခဲသည်။

သူသည် နဂါး၊ ဆင်၊ ရွှမ်းဝူနှင့် ပုရွက်ဆိတ်တို့အား ရုပ်ကိုယ်ခန္ဓာ သက်သက်ဖြင့် ယှဥ်လိုက်လျှင် အားနည်းနေသော်လည်း မာကျောမှု၊ ကြာရှည်စွာ ခံနိုင်မှုနှင့် ခံစစ်စွမ်းရည်များက ပို၍သာလွန်သည်။ သို့သော်လည်း ဤစွမ်းရည်ကို အသုံးပြုရန် အတွက် မျောက်သည် သူ၏ အစစ်အမှန် ပုံစံကို ဖော်ပြရန် လိုအပ်သည်။

မျောက်သည် ကမ္ဘာဦးခေတ် အဆုံးသတ်က မဟာကမ္ဘာနှစ်ခု ကွဲပြားသွားခြင်း ကဲ့သို့ မစွမ်းဆောင်နိုင်သော်လည်း သူသည် ကောင်းကင်ကို ဆွဲဖြဲနိုင်သည့် အစွမ်းရှိနေသည်။ ကြမ်းတမ်းစွာ ဟိန်းဟောက်လိုက်ပြီး နောက်တွင် သူသည် လင်းဖုန်း၏ ဓာတ်နှစ်ပါး မူလပြန်လာခြင်း ထူးခြားဆန်းကြယ်သော ကမ္ဘာမှော်ကျိန်စာ၏ ဖန်တီးထားသော ကမ္ဘာမှ အားသုံးကာ ဖောက်ထွက်လိုက်၍ အနှောင်အဖွဲ့မှ လွတ်မြောက်နိုင်ခဲ့သည်။

လင်းဖုန်းသည် ဆက်လက်၍ တိုက်ခိုက်နေခြင်း မပြုပဲ မျောက်၏ အစစ်အမှန် ပုံစံအား သဘောကျစွာဖြင့် လေ့လာနေခဲ့သည်။ "အင်.. ဒါက တကယ်ကို ထူးခြားလှတာပဲ.. အသွင်ပြောင်းလဲခြင်း တစ်သောင်း မှော်ကျိန်စာက သူ့ရဲ့ အဆုံးမဲ့ နည်းစနစ် ဖြစ်မယ်ဆိုရင် ဒီမထိုးဖောက်နိုင်တဲ့ ခန္ဓာကိုယ်က သူ့ရဲ့ အခြေခံအုတ်မြစ် ဖြစ်လိမ့်မယ်"

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၄) UnicodeWhere stories live. Discover now