" အာ..များသွားတာပဲ။ ဒါ‌ပေမဲ့ များတော့လည်း မြန်မြန်သက်သာတာပေါ့ မဟုတ်ဘူးလား "

တစ်ယောက်ထဲရေရွတ်ပြီး မာန်ဟုမ်ကိုမော့ကြည့်လိုက်သည်။ ‌ကြည်လင်နေသည့် အညိုရောင်မျက်ဝန်းလေးနှင့် ဆုံသည့်အခိုက်တွင်‌တော့ ပူပြင်းနေသည့် နွေအခါတွင် ဆောင်းနှင်းများတဖွဲဖွဲကျလာသလို..၊ အပူဒေသတောရွာလေးမှာ ချယ်ရီပင်တွေပွင့်လန်းလာသလို..၊ ရင်ထဲမယ်ကြည်ကြည်နူးနူး ဆောင်းရာသီတွင် အအေးပိုင်းဒေသကို အလည်သွားရသလိုပင်။

" အမ်..အင်း "

နှစ်ယောက်သား တစ်ပေမျှသာဝေးသည့်အနေအထားမှ အမြန်ဖယ်ခွာလိုက်ကြသည်။ ပင်တိုင်၏မျက်နှာသည် မီးကျီခဲလို နီရဲနေကာ မာန်ဟုမ်သည်တော့ အသားအရေညိုမှုကြောင့် ဖိန်းတိန်းရှိန်းတိန်းဖြစ်ရုံမှတစ်ပါး ထင်သာမြင်သာမပေါ်ချေ။

" အဟမ်း..အဲ့တာဆို ကိုယ်..အင်း မနက်စာပြင်ထားတယ်။ အဝတ်ဝတ်ပြီးရင် လာစားချီ"

ဂုတ်ပိုးကို ပွတ်သပ်ကာ နေရခက်စွာ ပင်တိုင့်ကိုမကြည့်ပဲ မနက်စာစားဖို့မှာပြီး နွးနို့အိုးအပူကြီးကို လက်နှီးစုတ်ဖြင့်ကိုင်ကာ အိမ်ထဲဝင်လာခဲ့သည်။

ပင်တိုင်လည်း အခန်းထဲဝင်ကာ အဝတ်အစားလဲလိုက်သည်။ ပြီးနောက် နိုးနေပြီဖြစ်သည့် လျှမ်းနှင့်အတူ ထမင်းစားဝိုင်းဆီသို့။

_____________
ထမင်းစားဝိုင်းတွင် မလိုင်ပျစ်ခဲနေသည့် နွားနို့နှစ်ခွက်၊ ဖြူဖြူဖွေးဖွေး ကောက်ညှင်းပေါင်းပန်းကန်က အုန်းသီးနှင့် နှမ်းတောင်နိုင်းချင်းဖြင့် အငွေ့တထောင်းထောင်း၊ အ‌ဝါရောင်ပြေပြေလေးဖြင့် ဆန်ဆနွင်းမကင်းတွေဟာလည်း အုန်းဆီလေးတဝေ့ဝေ့ဖြင့် သွားရေကျဖွယ်။

သူတို့နှစ်ယောက် သူတို့ရဲ့နေရာတွေမှာထိုင်လိုက်သည်။ ပင်တိုင်ကတော့ ဗမာမုန့်ကြိုက်သူဖြစ်သည့်အလျှောက် ပြုံးပျော်နေပေမယ့် လျှမ်းတစ်ယောက်တော့ မျက်နှာပျက်နေသည်။ လျှမ်းက ဗမာမုန့်မကြိုက်တာမဟုတ်ဘဲ နေ့တိုင်းသောက်ခဲ့ရသည့် နွားနို့ကိုမုန်းတာဖြစ်သည်။

" လျှမ်း နွားနို့ကြီး အဆင်ပြေရဲ့လား "

" အင်..ပြေလောက်မှာပေါ့ "

မေတ္တာကြိုးနှင့်ချည်သော တိုင်(Complete)Место, где живут истории. Откройте их для себя