အပိုင်း ၇၂၁ မှ ၇၂၅

Start from the beginning
                                    

သို့သော်လည်း ဤကဲ့သို့သော ကြီးမားသည့် အန္တရာယ်များ အကြားတွင် မြောက်မြားလှစွာသော ရတနာများကို ရရှိနိုင်သည့် အခွင့်အရေးကလည်း ရှိနေသည်။

ဟင်းလင်းပြင် စစ်တလင်းကဲ့သို့ပင် မူလကောင်းကင် ကမ္ဘာအတွင်းတွင် မတွေ့နိုင်သော ရှားပါးသည့် ရတနာများစွာတို့က သူ၏အတွင်းတွင် ရှိနေသည်။ ထို့ကြောင့် ယင်ပင်လယ်၏ အတွင်းမှ ရတနာများ၏ ဆွဲဆောင်မှုကို ခံနေရသော ကျင့်ကြံသူများသည် ဟင်းလင်းပြင် စစ်တလင်းထက်ပင် ပိုမိုများပြားသည်။

သို့သော်လည်း ယင်ပင်လယ် အတွင်းတွင် ကျဆုံးခဲ့သော ကျင့်ကြံသူများကလည်း အမြောက်အမြားပင် ရှိနေကြသည်။

သို့သော်လည်း ဤနေရာသို့ ဝင်ရောက်လာကြသော ကျင့်ကြံသူများကလည်း များစွာရှိနေကြသည်။ မဟာကောင်းကင် ပင်လယ်ခုနှစ်စင်းတို့တွင် လျှို့ဝှက်ဆန်းကြယ်သော သေမင်းပင်လယ်မှလွဲ၍ ကျန်သောနေရာ အားလုံးတို့သည် မူလကောင်းကင် ကမ္ဘာ၏ ရတနာသိုက်များဟူ၍ အသတ်မှတ် ခံထားရသည်။

ထိုအကြောင်းရင်းကြောင့်ပင် ကျင့်ကြံသူပေါင်း များစွာတို့သည် ယင်ပင်လယ်မှ တောင်သုံးတောင် ပေါ်လာမှုကို အထူး အာရုံစိုက်နေကြခြင်း ဖြစ်၏။ အကယ်၍ သူတို့သည် တောင်သုံးတောင် စလုံးတို့အား ထိန်းချုပ်နိုင်ပါက သူတို့သည် ယင်ပင်လယ် အတွင်းမှ အန္တရာယ်များကို ကြောက်ရွံ့နေစရာလိုမည် မဟုတ်တော့ပေ။ ယင်ပင်လယ် အတွင်းမှ ရတနာတို့အား ရယူနိုင်မည့် အခွင့်အရေးသည် အားလုံးတို့အတွက် တပ်မက်စရာ ဖြစ်နေခဲ့သည်။

လင်းဖုန်းကလည်း အတူတူပင် ဖြစ်၏။ သူ၏ အချိန်ခဏတာလေး အတွင်းတွင်ပင် သူသည် ပစ္စည်းကောင်းလေး များစွာတို့ကို တွေ့ခဲ့ပြီး ဖြစ်သည်။

အဖြူရောင် တိမ်တိုက်များ အကြားတွင် တောက်ပသော အလင်းတန်းများကို ရံဖန်ရံခါ တွေ့နေရသည်။ သူက အသေအချာ ကြည့်လိုက်သောအခါ သူတို့သည် ကြည်လင်ဖြူစင်သော သလင်းကျောက်များ ဖြစ်သည်ကို တွေ့လိုက်ရသည်။

သူတို့သည် အခြားသလင်းကျောက်များနှင့် မတူပဲ သူတို့၏ အပေါ်တွင် သေးငယ်သော အလင်းတန်း တောင်ပံများ ပါနေသည်ဟု ထင်နေရသည်။ သူတို့သည် အသက်ရှိနေကြသကဲ့သို့ ညင်သာစွာဖြင့် တုန်ခါနေကြသည်။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၄) UnicodeWhere stories live. Discover now