အပိုင်း ၇၂၁ မှ ၇၂၅

Start from the beginning
                                    

လင်းဖုန်း၏ သဘာဝလွန် အသိစိတ်သည် အရှေ့မှ နေရာအနည်းငယ်ကိုသာ ကင်းထောက်နိုင်ခဲ့သည်။ သူသည် ပုံရိပ်ယောင်နှင့် အစစ်အမှန်တို့ကို မခွဲခြားနိုင်တော့မည်ကို စိုးရိမ်နေသဖြင့် အရှေ့သို့များစွာ မထောက်လှမ်းရဲခဲ့ပေ။

ရှေးဟောင်း တံလျှပ်သားရေ၊ ကောင်းကင်ရောင်ပြန် ကျောက်တုံးတို့နှင့်တကွ ယင်-ယန် ဖန်ဆင်းခြင်းနှင့် ယိုယွင်းခြင်း ဝင်္ကပါတို့ကြောင့် လင်းဖုန်းသည် သာမန် ကျင့်ကြံသူများနှင့် စာလျှင် အစစ်အမှန်နှင့် ပုံရိပ်ယောင်တို့အား အဆင့်မြင့်စွာ နားလည်ထားနိုင်ခဲ့သည်။

သို့တိုင်အောင် သူက သတိတစ်ချက် လွတ်သွားခဲ့လျှင် သူသည် ယင်ပင်လယ် အတွင်းတွင် လမ်းပျောက်သွားခဲ့မည် ဖြစ်သည်။

ယင်ပင်လယ်အား တံလျှပ်ပင်လယ် ဟူ၍လည်း ခေါ်ကြ၏။ ယနေ့တွင် လင်းဖုန်းသည် သူက ထိုနာမည်နှင့် ထိုက်တန်သည်ဟူ၍ အသိအမှတ်ပြုလိုက်သည်။ စွမ်းအားကြီးမားသော အင်မော်တယ်ဝိညာဥ် အဆင့်မှ ကျင့်ကြံသူများသည် ဤနေရာတွင် ကျရှုံးခဲ့ရသည်မှာ အထူးအဆန်း မဟုတ်ပေ။

တံလျှပ်များသည် အစစ်အမှန်နှင့် ပုံရိပ်ယောင်တို့၏ အကြားတွင် လျှင်မြန် လွယ်ကူစွာနှင့် ပြောင်းလဲနေခဲ့သည်။ သူသည် အစပထမတွင် တံလျှပ်ဖြစ်နေနိုင်သော်လည်း တစ်ယောက်က ဝင်ရောက်သွားအပြီးတွင် အစစ်အမှန် ဖြစ်သွားနိုင်သည်။ အစစ်အမှန်သည် ပုံရိပ်ယောင် ဖြစ်သွားနိုင်သကဲ့သို့ ပုံရိပ်ယောင်ကလည်း မျက်စိတစ်မှိတ်အတွင်းတွင် အစစ်အမှန် ပြန်ဖြစ်သွားနိုင်သည်။ သူတို့အားလုံးတို့သည် ဤနေရာတွင် သာမန်သာ ဖြစ်ကြ၏။

ထို့ကြောင့် တံလျှပ်အတွင်းမှ အန္တရာယ်နှင့် သေမင်းတို့သည် အလွန်တရာ စစ်မှန်သော အရာများအဖြစ်သို့ ပြောင်းသွားနိုင်ပေသည်။

ဟင်းလင်းပြင် စစ်တလင်းသည် အန္တရာယ်များကာ ဖရိုဖရဲနိုင်၍ ခန့်မှန်းရန် ခက်ခဲသည်။ သို့သော်လည်း သူ၏ အန္တရာယ်များသည် သိသာနေသည်။ ယင်ပင်လယ် အတွင်းမှ အန္တရာယ်များသည် ပရိယာယ် မာယာများ၍ ခြိမ်းခြောက်နိုင်စွမ်း ပိုမိုအားကောင်းသည်။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၄) UnicodeWhere stories live. Discover now