အပိုင်း ၇၂၁ မှ ၇၂၅

Start from the beginning
                                    

ထိုသေးငယ်သော ခရမ်းရောင် အလင်းတန်းသည် ငါးတစ်ကောင်ကဲ့သို့ ခရမ်းရောင် တိမ်တိုက်များ အကြားတွင် လှုပ်ရှားနေခဲ့သည်။

လင်းဖုန်း၏ မှော်သင်္ကေတများမှာ ထပ်ဖန်တစ်ခါ ထပ်ပြောင်းသွားခဲ့၍ ပြောလိုက်သည်။ "သွားစမ်း"

သေးငယ်သော ခရမ်းရောင် အလင်းတန်းသည် မြားတစ်စင်းကဲ့သို့ ထူထဲလှသည့် အဖြူရောင် မြူခိုးငွေ့ တိမ်တိုက်အတွင်းသို့ ဝင်သွားခဲ့သည်။

လင်းဖုန်းသည် အနောက်မှ ထပ်ကြပ်မကွာ လိုက်လာခဲ့ကာ တိမ်တိုက်များ ဖုံးလွှမ်းထားသည့် နေရာအတွင်းသို့ ပျံသန်းဝင်ရောက်သွားခဲ့သည်။

ထိုအချိန်တွင် လင်းဖုန်းသည် ပတ်ဝန်းကျင် အခြေအနေများကို လေ့လာရန် အချိန်ရလာခဲ့သည်။ သူ၏အောက်မှ ရေများသည် အရှေ့ပင်လယ်နှင့် တူနေ၏။ သို့သော်လည်း ဤနေရာမှ စိတ်ဝိညာဥ် စွမ်းအင်များသည် ပိုမိုသိပ်သည်းကာ ဖရိုဖရဲ ဖြစ်နေသည်။

ပင်လယ်၏ အပေါ်မှ အဖြူရောင် တိမ်တိုက်များသည် တစ်ယောက်၏ မျက်လုံး မြင်နိုင်သည့်အထိ ဖုံးလွှမ်းနေခဲ့သည်။ ထိုတိမ်တိုက်များသည် ပင်လယ်တစ်ခုလုံးအား ဖုံးလွှမ်းထားသည်ဟု သူက ယုံကြည်နေခဲ့သည်။

ဤဧရာမ သီးသန့် ဒိုင်မန်းရှင်းအတွင်းတွင် ပင်လယ်နှင့် တိမ်တိုက်များသည် နှစ်ခုအဖြစ်သို့ ကွဲပြားသွားကြ၏။

ယင်ပင်လယ်နှင့် ဟင်းလင်းပြင် စစ်တလင်းဟုခေါ်သော ဟင်းလင်းပြင် ပင်လယ်သည် မူလကောင်းကင် ကမ္ဘာ အတွင်းမှ အန္တရာယ်များသော နေရာများ ဖြစ်ကြသည်။ သို့သော်လည်း ဟင်းလင်းပြင် စစ်တလင်း၏ ကစဥ့်ကလျား ဖြစ်နေကြသော ဟင်းလင်းပြင် မုန်တိုင်းများထက်စာလျှင် ယင်ပင်လယ်သည် များစွာပို၍ တည်ငြိမ်ပေသည်။

သို့သော်လည်း ဒါသည် အပေါ်ယံ သုံးသပ်ချက် တစ်ခုသာ ဖြစ်၏။ လင်းဖုန်းသည် အပေါ်မှ အဖြူရောင် တိမ်တိုက်များ ဖြစ်စေ၊ အောက်မှ တည်ငြိမ်နေသော ပင်လယ်ရေပြင် ဖြစ်စေ သူတို့နှစ်မျိုးစလုံးတို့သည် ကြီးမားသော အန္တရာယ်များဖြင့် ပြည့်နေသည်ဟု သေချာနေခဲ့သည်။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၄) UnicodeWhere stories live. Discover now