အပိုင်း(၈)

Start from the beginning
                                    

နက်ပြာရောင်ပျယ်နေသော ကောင်းကင်ကြီးနှင့် အစာရှာသော ငှက်အုပ်စုတို့က မနက်ခင်း၏ အလှဆို ဂလိုင် ဂလောင်မြည်နေသည့် နွားခလောက်သံတွေနှင့် ကြက်ဖတွန်သံတွေသည် ကျေးရွာမှာသာကြားရသော မနက်ခင်း၏တေးသံသာ။

လယ်တောထဲရှိ ဘုန်းကြီးကျောင်း၌ ဝေယာဝိစ္စပြုသူတွေစည်ကားလျက်ရှိသည်။ ဆူဆူညံညံမျိုးမဟုတ်ဘဲ အသံတို့က ခပ်အုပ်အုပ်ဖြစ်သည်။

" အာ လူပျိုကြီးရောက်လာတာလား "

" ဟုတ်တယ် ကိုအောင်ပုရေ။
ကျွန်တော် ဘဘုန်းကို သရက်သီးလာကပ်တာဗျ "

" ဟုတ်ပါပြီဗျာ "

ကိုအောင်ပုဆိုတာ အလှူအိမ်ကမိုးပြဲဒယ်အိုးလိုလူဖြစ်သည်။ အသားမည်းမည်း ဗိုက်ရွှဲရွှဲပေါ့။ ကိုအောင်ပုက ဒီရွာမှာ မာန်ဟုမ်ကို မိန်းမအပေးစားချင်ဆုံးလူဖြစ်ပြီး မာန်ဟုမ်လုပ်သမျှကို အကောင်းမြင်သည့်လူမဟုတ်။ ဥပမာ-သက်နိုင်ကို ကျောင်းထားပေးခြင်းသည် သက်နိုင်၏အစ်မ မနှင်းကိုကြိုက်၍ဟူ၍လည်းကောင်း၊ စိုးညွှန့်ကို စာရင်းငှားခန့်ခြင်းသည် စိုးညွှန့်၏ ညီမကို ပိုးချင်သည် ဟူ၍လည်းကောင်း၊ ကုန်ကုန်ပြောရရင် မာန်ဟုမ်ပတ်သက်မိသမျှ လူတိုင်း၏ နှမတွေနှင့် မာန်ဟုမ်ကို ပေးစားသည့် လူဖြစ်သည်။ မကူညီချင်စိတ်ရှိပြီး မနောကောင်းသည့်လူပင်မယ့် ပေါင်းရသင်းရကြပ်သည့် လူမျိုးဖြစ်သည်။ အခုလည်း သူတို့တောင်ပိုင်းက မိန်းမလှလေးတွေကို ရှိတ်ချင်၍ လာသည့်သဘောမျိုးဖြင့် ပြီတီတီလာကြည့်နေသည်။

မာန်ဟုမ်သည် နားလည်နိုင်စွာ ကျောခိုင်းပြီး ဆရာတော်များ ဆွမ်းဘုန်းနေသည့် ‌အဆောင်ဘက်ကိုသာလျှောက်လာခဲ့သည်။

ဤကျောင်းသည် ရွာအနီးအနားရှိသည့် ရွာများကပါ ကိုးကွယ်သည့် သက်တမ်းအရင့်ဆုံးကျောင်းဖြစ်သည့်အလျှောက် သံဃာ‌တော်များသည်။ သံဃာအိုများ၊သံဃာပျိုများနှင့် ကိုရင်လေးများပေါင်းလျှင် အပါး(၇၀)နီးပါးရှိသည်။ ကျောင်းထိုင်ဆရာတော်သည် သက်တော်(၇၀)ကျော်ပြီဖြစ်ပြီး ဘုန်းတန်ခိုးကြီးသည်။ ကြည်ညိုသူပေါများသည်။

မေတ္တာကြိုးနှင့်ချည်သော တိုင်(Complete)Where stories live. Discover now