အပိုင်း(၁)

Start from the beginning
                                    

ပင်တိုင် စခန်းမှူးရှေ့ ဖေဖေ့ဘေးကခုံမှာဝင်ထိုင်လိုက်သည်နှင့် ဖေဖေ့မျက်စောင်းက ဝင်းခနဲ။

" ဆရာ ကျွန်တော့်သားလေးက ဘာဖြစ်လို့ ရဲစခန်းရောက်ရတာပါလဲ "

ဖားသားကြီးဆိုသည်မှာ သူစိမ်းရှေ့ဆို အမြဲလေပြည်သွေးတော့တာပဲ။

လွန်ခဲ့တဲ့ တစ်နာရီကျော်က---

" ပင်တိုင်မင်းကို ဟိုဘက်ဝိုင်းက စော်လေးတွေရှိုးနေတယ် "

အခင်ဆုံးသူငယ်ချင်း လျှမ်းတောက်ထိန်ကပြောတော့ ပင်တိုင်အရက်ခွက်ကိုလှည့်ကာ ဘေးကိုလှည့်ကြည့်လိုက်သည်။ တကယ်လည်း ဟိုဘက်ဝိုင်းက ကောင်မလေးတစ်သိုက်ကပင်တိုင်ကိုကြည့်နေခဲ့တာပဲ။ ပင်တိုင်ကလည်း မိန်းမနှင့်ယောင်္ကျားပေါင်းဖက်ထားသလို ခန့်ညားသလို လှလည်းလှတာကို..။ ကြည်ကြည်ပါးပါးအသားအရေဟာတော့ခြွင်းချက်ပေါ့။

ပင်တိုင်ဟာ playboyတစ်ယောက်မို့ ကောင်မလေးတွေကို အထာပေးသည်။ ပင်တိုင်အထာပေးတိုင်းလည်း ပါလာသည့် ကောင်မလေးတွေမနည်းမနောပင်။ ပင်တိုင်က‌စားနေမှန်းသိတာတောင်ပေါ့။

" ပင်တိုင် ဒို့က ပင်တိုင့်ကိုသိတာကြာပေမယ့် အခုမှ စကားပြောရတယ်ရယ်။ ပင်တိုင်က တကယ်ခင်ဖို့ကောင်းတာပဲ "

ဟုတ်ပါတယ်။ ဘေးဝိုင်းကကောင်မလေးတစ်သိုက်က ပင်တိုင်တို့နှစ်ယောက်ရဲ့ဝိုင်းကို ရောက်နေခဲ့သည်။ ပင်တိုင်ရော လျှမ်းရောက အကျင့်တူ၊စရိုက်တူမို့ ပေါင်းရသင်းရအဆင်ပြေလွန်းသော ငယ်ပေါင်းကြီးဖော်တွေပင်။ နှစ်ယောက်လုံးရဲ့ မိဘအသိုင်းအဝိုင်းရော ရုပ်ရည်ကပါအဆင်ပြေလွန်းနေတော့ Playboyဖြစ်နေကြတာ မဆန်းဘူးမို့လား။

" မ,ကဒီ‌လို‌ချီးမွမ်းနေမှတော့ ဒီနေ့ကျွန်တော် အဝတိုက်မယ် "

ပင်တိုင်ရဲ့အပြောချိုချိုလေးတွေဟာ လေဟုန်ကိုပြစ်ခွင်သည့်မြှားလိုပဲမို့ ထိသူတိုင်း အသည်းတဖြုတ်ဖြုတ်ကြွေကျသည်။

" အို..အားမနာတော့ဘူးနော် "

ဒီကောင်မလေးတစ်သိုက်ထဲက မ,ဆိုတဲ့ကောင်မလေးဟာ ပင်တိုင့်ကိုသိပ်ရောလွန်းနေသည်။ သူမ၏ မထိတထိ ထိတွေ့မှုကိုပင်တိုင်ကတော့ အင်နိုးစန့်အယောင်ဆောင်ထားမြဲ။

မေတ္တာကြိုးနှင့်ချည်သော တိုင်(Complete)Where stories live. Discover now