Episode 31 Unicode

Start from the beginning
                                    

"မမှတ်မိဘူးလား "

''ဟင့်အင်း "

ခေါင်းကိုတစ်ချက်မျှခါပြကာ ပြောလာသည့်ယုယကို ကျောင်းဝန်းထဲရှိ ခုံတန်းတွေထိခေါ်လာရသည်။

"ကဲ ထိုင်ချေဦး။"

အတွဲခုံတွေလိုဖြစ်နေသည့် သစ်သားခုံတန်းကလေးပေါ်တွင် ယုယကို ဦးစွာထိုင်ခိုင်းလိုက်သည်။

"ခြေထောက်က တော်တော်နာသလား။ အန်တီလုပ်ပေးမယ်"

ပြောလည်းပြော ယုယ ခြေထောက်အနားကို ငုတ်တုတ်ထိုင်လိုက်တဲ့ ဝတ်လွှာကို ထိုကလေးမကအပြူးအပြဲကြည့်ကာတားတော့သည်။

"မလုပ်ပါနဲ့ ယုယငရဲကြီးပါ့မယ်။''

''ဘာမွမျဖစ္ဘူး နှိပ်ပေးရုံပဲ"

အတင်းတွေထကာ တားနေတဲ့ယုယကို ဝတ်လွှာလည်း ခုံပေါ်ပြန်ထိုင်စေမိသည်။ ထိုနည်းတူ သူလည်း ယုယဘေးမှာဝင်ထိုင်ခဲ့ပါသည်။

ထိုအတိတ်တွေကို မ်က္လုံးစုံမွိတ္ကာ တွေးနေတဲ့ ဝတ်လွှာ။ ခေါင်းကိုခပ်ဖြည်းဖြည်းခါကာ ထိုအတိတ်တွေထဲကထွက်လာရသည်။ ပါးပြင်ပေါ်မှာလည်းမျက်ရည်စီးကြောင်းတွေဖြင့်ပေ။ လေအေးအေးတို့တိုက်ခတ်မူကြောင့် ထိုမျက်ရည်တွေက ခြောက်ကပ်မြန်သည်။ အရင်ကအတိတ်တွေက အရိပ်တွေလိုပါပဲ။ မျက်လုံးထဲမြင်လာတဲ့ ပုံရိပ်သေးသေးလေးကို လွမ်းလှသား။ ရုတ်တရက်ကြီး လမ်းခွဲစကားပြောခဲ့သည့် ယုယကို ချစ်နေတုန်းပင်။ ဖြစ်နိုင်ရင် ယုယကို ပိုင်ဆိုင်ချင်ပါသေးသည်။ တကယ်လို့များဖြစ်နိုင်ခဲ့ရင်ပေါ့။ ခုတော့သူမပိုင်တာဆိုလို့ ထိုမသေမသပ်ပုံရိပ်လေးတွေသာရှိတော့ပါသည်။

~

မနက်စောစောအချိန်မှာတော့ မြ ဦးစွာနိုးလာမိသည်။ ယုယအတွက် မနက်စာပြင်ပေးချင်သည်လေ။ အိပ်ပျော်နေတဲ့ယုယကို ခပ်ဖွဖွနမ်းရိူက်ပြီးမှ မျက်နှာသစ်ရန်ပြင်ရသည်။ ခြံဝန်းထဲက ရေကန်ပြင်သို့သွားကာ လမ်းပေါ်မှ အကြော်သည်လာမယ့် အချိန်ကိုစောင့်နေရသေးသည်။ သိပ်မကြာခင်မှာပဲ လာပါပြီ အသံစူးစူးနဲ့အော်လာတဲ့ အကြော်သည်အဒေါ်ကြီး။

"ဆရာမေလး ဘာအကြော်တွေယူမတုန်း"

ထိုအဒေါ်သည် မြ အကြော်ဝယ်နေကျမို့ သူ့ကိုရင်းရင်းနှီးနှီးဆက်ဆံတက်သည်။

တီခ်ယ္က ဆည်းလည်းလေး Where stories live. Discover now