Chapter 105

4.7K 521 26
                                    

Unicode

ထျန်ကျင်းရဲ့ ဖန်ဘွိုင်းလေး (အဆုံး)

ပိုပြီးတော့ ဂွကျသည်မှာ သူမတို့နှစ်ယောက်က အဖွဲ့တစ်ခုတည်း ကျသွားလေသည်။

အာရုံစိုက်မှုပိုရစေဖို့ ၊ဆွဲဆောင်နိုင်ဖို့နှင့် အစီအစဉ်ကို မြိုင်ဆိုင်စေဖို့ အဖွဲ့တွေအားလုံးမှာ ယောက်ျားလေးတစ်ယောက် မိန်းကလေးတစ်ယောက်ဖြင့်ဖွဲ့စည်းထားသည်။

ကင်မရာထဲမှာ ပိုပြီးကြည့်ကောင်းစေရန် တစ်ယောက်က သူမကို မိတ်ကပ်ပါးပါးလေးပင် ကူလိမ်းပေး၏။ မိတ်ကပ်ကသိပ်မများပေမယ့် စိတ်ရှိအတိုင်းနေပြီး မိတ်ကပ်ဘယ်တော့မှ မလိမ်းတဲ့ တစ်စုံတစ်ယောက်အဖို့တော့ ထူးထူးဆန်းဆန်းဖြစ်လို့နေစဲပါပင်။

ထို့နောက် သူမ လီကျွင်းကို မြင်လိုက်ရသည်။ အင်း… သူမရဲ့နှလုံးသားက ပြိုလဲနေပြီ။ ဟန်ချက်မညီနေတော့ဘူး။

သူသည်လည်းပဲ ‘မိတ်ကပ်ပါးပါး’ဟု ယူဆနိုင်သလောက် လိမ်း၍ထားသည်။ ခြားနားချက်တော့ မရှိပါချေ။ သူမိတ်ကပ်လိမ်းထားတယ်ဆိုတာ သိနိုင်မည်တောင်မဟုတ်ဘူး။

ရိုက်ကူးရေးလုပ်နေစဉ်မှာ သူမက စကားများများမပြောချေ။

အားလုံး လျှင်မြန်စွာပဲ ခရီးစတင်ခဲ့လိုက်ကြသည်။

သူမတို့တွေက ပါတနာဖြစ်တာကြောင့် ထျန်ကျင်းက လီကျွင်းကို နှုတ်ဆက်လိုက်သည်။

“အမ် ဟဲလို” လီကျွင်းတစ်ယောက် အနည်းငယ်ရှက်သွေးဖြာနေပေမယ့်လို့ ဆက်ပြောလာသည်။ “ခင်ဗျား ကျွန်တော့်ကို မှတ်မိသေးလား? အရင်တုန်းက ကျွန်တော်တို့ ကြော်ငြာတစ်ခု အတူရိုက်ဖူးကြတယ်လေ”

“အင်း” သူ့လည်းပဲ သူမကို မှတ်မိနေသဖြင့် ထျန်ကျင်း အံ့အားသင့်သွားရသည်။

ဒါပေမယ့် အရမ်းကို့ရို့ကားယားဖြစ်နေတုန်းပဲ။ ထိုကြော်ငြာအတူရိုက်ဖူးတာကလွဲရင် သူတို့က သူစိမ်းပြင်ပြင်သာဖြစ်ကြ၏။

“ကျွန်တော်လို့ လမ်းကြောင်းကို အစီစဉ်ဆွဲရအောင်” လီကျွင်းကဆိုလာသည်။ “ကျွန်တော်တို့ ဘူတာရုံကို ဘက်စ်ကားစီးသွားရမယ် ပြီးတော့ ရထားလက်မှတ်နှစ်စောင်ကို ပိုက်ဆံလောက်အောင် ဝယ်ကြည့်ကြမယ်လေ”

||Completed|| ကိုကို့ကို သက်တမ်းတစ်ဝက်ပေးမယ် (ဘာသာပြန် )Where stories live. Discover now