(Unicode) Chapter 2

7.3K 881 11
                                    

Unicode

ငါက သန်မာတယ်

လင်းမြောင်ဟာ အစဥ်အမြဲ စိတ်ထားကောင်းသည့် ကလေးတစ်ယောက်ဖြစ်ခဲ့သည်။ သူမရဲ့အမြင်တွင် သူမသည်လည်း ဤကမ္ဘာပေါ်က လူတစ်ယောက်ပင်ဖြစ်သည်မလို့ ကြောက်စရာဘာမှမရှိ။။ တကယ်တော့ ရွာမှာရှိသည့်ကလေးတွေအားလုံးထဲမှာ သူမ တစ်ယောက်ပဲ မြို့မှာ မူလတန်းတက်ဖူးတာဖြစ်သည်။ ရွာမှာရှိသည့် လူငယ်တွေက သူမကို တော်တယ်၊ ယောကျ်ာလေးတွေထက်တောင် သန်မာတယ်ဟု ပြောတတ်ကြသည်။ အချိန်တွေကြာလာသည်နှင့်အမျှ သူမကိုယ်သူမ ထို့နည်းတူထင်မိလာတော့သည်။

ရွာပြင်ရောက်သောအခါမှာ သူမ ဆရာကြီးကို မေးလိုက်သည်။

"နေ့ဘက်အလုပ်လုပ်ပြီးရင် ညကျပြန်လို့ရမလား၊ ဖေဖေနဲ့မောင်လေးက မြို့ကိုသွားတာဆိုတော့ မေမေတစ်ယောက်ပဲ အိမ်မှာကျန်ခဲ့မှာ၊ မေမေဆေးလိမ်းတဲ့အခါ အိမ်မှာတစ်ယောက်ထဲဆို အဆင်မပြေမှာစိုးလို့ "

သူမ၏အမေက တစ်ခါတစ်ရံ ပုခုံးနာတတ်သဖြင့် လင်းမြောင်က ဆေးကူလိမ်းပေးရလေ့ရှိသည်။

ဆရာကြီးက ခေါင်းငုံ့၍ သူမကို နွေးထွေးစွာကြည့်ရင်း

"ပြန်လာဖို့ အရမ်းဝေးတယ်"

လင်းမြောင်တွေးမိသည်က လက်နှိပ်ဓာတ်မီးကိုင်ပြီး တစ်ယောက်ထဲသွားရဲသည်ကို ဆရာကြီးမသိလို့ ဖြစ်ပေလိမ့်မည်ဟူ၍ပင်။ သူမကိုရွာက အမှောင်ကြောက်ကြသည့် ကလေးတွေလိုမျိုးဟု သူ ထင်နေတာဖြစ်မည်။ ဒါ့ကြောင့် သူမ ပြန်ဖြေလိုက်သည်မှာ

"ရပါတယ်၊ တစ်မိနစ်တောင် မနောက်ကျစေရဘူးလို့ ကတိပေးပါတယ်၊ သမီးက မြို့ကိုအမြဲကျောင်းသွားတတ်နေကြပဲ"

ဆရာကြီးမှာ သူမရဲ့ခေါင်းလေးကို မပုတ်ပေးဘဲမနေနိုင်တော့။

“မြို့ထက်ဝေးတဲ့နေရာကိုသွားကြမှာ၊ အရမ်းအဝေးကြီးကို။

လင်းမြောင် ဘာမှဆက်မပြောနိုင်တော့ဘူး။ ရွာကအလုပ်သွားလုပ်တဲ့ အစ်ကိုတွေ အစ်မတွေ ဘာလို့နှစ်သစ်ကူးမှပြန်လာနိုင်ကြလဲဆိုတာ အံ့ဩစရာမရှိပေ။

||Completed|| ကိုကို့ကို သက်တမ်းတစ်ဝက်ပေးမယ် (ဘာသာပြန် )Where stories live. Discover now