(Unicode)Chapter 45 : အတူထာဝရ

4.2K 677 15
                                    

Unicode

လင်းမြောင် ဖုန်းကိုဘယ်လိုစာပို့ ဘယ်လိုဖုန်းခေါ်ရမလဲဆိုတာ သင်ယူပြီးတဲ့နောက် main page သို့ပြန်သွားလိုက်၏။

အစတုန်းက သခင်လေးရဲ့ဖုန်းဖြစ်ခဲ့သည်။သူက main page တွင် wallpaper ကိုမကွယ်နေစေဖို့ app icon တွေကိုထောင့်နား ပို့ထားခဲ့လေသည်။

နေရောင်အောင်မှာ သူမပြုံးနေတဲ့ပုံလေးကို လင်းမြောင်တွေ့ခဲ့ရ၏။

လင်းမြောင် ဖုန်းscreen ကိုကြည့်မိလေလေ ပိုလှလာလေလေဟု သူမခံစားရသည်။ ဓာတ်ပုံက သူမနှင့်မတူသည့်အတိုင်းပင်။

သူမ သဘောခွေ့နေလေရဲ့။

နေရောင်အောက်မှာ ခွေးလေးတွေ နဲ့ဥယျာဉ်၊ ထိုအချိန်တုန်းက လှပတဲ့အပြုံးလေးဖြစ်အောင် ဘယ်လိုပြုံးခဲ့မိမှန်း လင်းမြောင်မသိတော့။

“ကိုကို ပြောတာမှန်တယ်၊ ငါလည်းပဲ ကြည့်ကောင်းတာပဲ” လင်းမြောင် ရယ်မောနေလျက် သူ့မ မျက်ခုံးလေးတွေက လခြမ်းကွေးလေးအလား ကွေးညွှတ်နေလေသည်။

ဒီတော့မှ သခင်လေးတစ်ယောက် ကွန်ဖီးဒန့်ရှိရှိဖြင့် ပြောလာနိုင်လေတော့သည်။ “ဟုတ်တယ် အဲ့တာက မင်းပုံကို ငါ့wallpaper အဖြစ်ထားရတဲ့ အကြောင်းအရင်းပဲ”

“ဟင် အာ့ဆိုငါလည်း ငါ့ပုံကို wallpaperအဖြစ်ထား‌တော့မယ်” သူမလှနေပုံကြောင့် အပျော်လွန်နေလေသည်။

သခင်လေးက ထိုwallpaper ကို သူ့ဖုန်းအသစ်မှာလည်း ချိန်းလိုက်ကာ ပုံကိုမြင်ရစေဖို့ appsတွေကို ထောင့်သို့ရွှေ့လိုက်၏။

လင်းမြောင်ရဲ့ ခေါင်းထဲမှာ စိတ်ကူးလေးတစ်ချက် လက်ခနဲဖြစ်သွားသည်။ “ကိုကို ငါလည်း ကိုကို့ပုံ ရိုက်ထားချင်တယ်”

သခင်လေးက သူမကို ဘယ်လို ဓာတ်ပုံရိုက်ရမလဲဆိုတာ သင်ပေးလိုက်သည်။

လင်းမြောင်ပြောနေရင်း သခင်လေးရဲ့ လျှပ်တစ်ပြတ်ပုံတွေကို ဆက်တိုက်ရိုက်နေလေသည်။ “ဒါဆိုရင် ငါပြိုင်ပွဲတွေသွားရတဲ့အခါ ကိုကို့ကိုလွှမ်းနေရင် ကြည့်လို့ရပြီပေါ့”

သခင်လေး တုန့်သွားပြီးနောက် ပျော်ရွှင်မှုတွေ ပေါက်ထွက်သွားရသည့်အလား…

||Completed|| ကိုကို့ကို သက်တမ်းတစ်ဝက်ပေးမယ် (ဘာသာပြန် )Where stories live. Discover now