(Unicode)Chapter 29 : ကိုကို့ဆီသွားမယ်!

4.8K 702 11
                                    

Unicode

သခင်လေး တံခါးကနေထွက်ခွာသွားတာကိုမြင်ရပြီးတဲ့နောက် လင်းမြောင်ဟာ အတော်အတန်မျှ မှိုင်တွေလွှမ်းဆွေးခံစားနေရပါတော့သည်။သို့သော်လည်းပဲ သိပ်တော့မကြာလိုက် ။ ဘာကြောင့်ဆို ကျောင်းတွေမကြာခင် ပြန်ဖွင့်ပေတော့မည်။

ကျောင်းအသစ်​တက်ရမှာ သူမ အနည်းငယ် ရှက်ကြောက်ထိတ်လန့်နေစေကာမူ သူမဟာ ယုံကြည်မှုအပြည့်ဖြင့်  အကြောက်တရားကင်းဟန် ဆောင်နေတုန်းပါပင်။

ဒါဟာဘာကြောင့်လဲဆိုရင် သူမရဲ့မောင်ငယ်လေးနဲ့ ကျောင်းအတူတူတက်ကြရမှာ မလို့ပင်ဖြစ်လေသည်။သူက ပထမတန်းတက်မှာဖြစ်ပြီး သူမကတော့ တတိယတန်းတက်မှာဖြစ်၏။

လင်းမြောင်အမေဟာ သူတို့ရဲ့စာသင်ခန်းကိုယ်စီကိုယ်ငှကို လိုက်ပို့ပေးလေသည်။
တတိယတန်းဖြစ်တာကြောင့် လင်းမြောင်ရဲ့စာသင်ခန်းဟာ တတိယထပ်မှာပင်ဖြစ်လေသည်။ သူမရဲ့ စိတ်လှုပ်ရှားမှုဟာ စတင်ပေါ်ပေါက်လာရပြီဖြစ်လေသည်။

သို့သော်လည်းပဲ ထို့နောက်မှာ သူမဘေးမှာ ထိုင်တဲ့ကောင်မလေးက သူမကိုစ၍ စကားပြောလာသည်။ “နင်က အသစ်လား၊ ငါ့နာမည်က ယောင်လင်း၊ နင့်နာမည်ကရော”

“ငါ့နာမည်က လင်းမြောင်၊ အကုန်လုံးက ဆွေ့ဆွေ့လို့ပဲ ခေါ်ကြတယ်” လင်းမြောင်စိတ်ပေါ့ပါးသွား၏။ သူမဟာ အသားညိုညို ပိန်ပိန်သေးသေး ၊ အမြဲတမ်းနောက်ကျပြီး၊ နောက်ဆုံးတန်းမှာသာ ထိုင်ခဲ့ရသည်။ သူမနားမှာ တခြားမိန်းကလေးမရှိ။ ထို့ကြောင့် သူမမှာ သူငယ်ချင်းများများစားစား မရှိခဲ့ပေ။

အခုတော့ သူမဟာ အမေဖြစ်သူဝယ်ပေးတဲ့ အင်္ကျီအသစ်လေးကိုလည်း ဝတ်ထားချေရာ သူမပုံစံဟာ မြို့က ကလေးမလေးတွေအတိုင်းပင်ဖြစ်နေလေသည်။ဒါကြောင့်ပဲ သူငယ်ချင်းအသစ်တွေရဖို့ အတော်လေး လွယ်ကူသွား၏။

လင်းမြောင်ဟာ ပေါင်းတတ်သင်းတတ်တဲ့ မိန်းကလေးပင်ဖြစ်လေသည်။ သိပ်မကြာလိုက် သူမရဲ့ သူငယ်ချင်းအသစ်တွေနဲ့တောင် သန့်စင်ခန်းကို အတူတကွသွားပြီးကြလေပြီ။

သူမရဲ့ ပထမဆုံးနေ့ဟာ အပျော်တွေနဲ့သာ ကြီးစိုးလျက်ရှိ၏။ ကျောင်းဆင်းတဲ့အခါ သူမမောင်လေးရဲ့ အခန်းကိုသွားလိုက်ပြီး ညစာစားဖို့ အိမ်ကို အတူတူလမ်းလျှောက်ပြန်ခဲ့ကြလေသည်။

||Completed|| ကိုကို့ကို သက်တမ်းတစ်ဝက်ပေးမယ် (ဘာသာပြန် )Tempat cerita menjadi hidup. Temukan sekarang