Chapter 89

3.9K 542 16
                                    

Unicode

ကိုကိုက နှင်းလျှောစီးဖို့သွားမှာ

လင်းမြောင်မှာ ယုကျင်းရွှမ်ကို တွေ့ချိန်၌ စိတ်အရမ်းလှုပ်ရှားလို့နေခဲ့သည်။ သူမရဲ့ ဆံပင်ရှည်လှလှလေးကို သူ့အားပြချင်ခဲ့သည်။ ဒါပေမယ့် သူမက ကိုယ့်ကိုယ့်ကို ဟုတ်လှပြီထင်နေတယ်လို့ သူတွေးမှာလည်း စိုးရိမ် မိခဲ့သည်။

ကိုကိုက သူမကို  ချီးကျူးလာတဲ့အခါ သူမပျော်လို့သွားသည်။ သူမတို့အကြိုက်တွေက တူညီနေလို့ တော်ပါသေးရဲ့။

လင်းမြောင်ရဲ့လက်ကိုကိုင်လျက် ယုကျင်းရွှမ် အိမ်မပြန်ခင် ကျောင်းတစ်ပတ်လိုက်ပြလေသည်။

လင်းမြောင်ငယ်ငယ်တုန်းက ကျောင်းကို အလွန်ကြောက်သည်။ ဒါပေမယ့် ကိုကိုနဲ့ကုန်ဆုံးခဲ့ရတဲ့ ထိုနှစ်ကြောင့်ရယ် မြို့ကျောင်းကိုပြောင်းသွားခဲ့တာကြောင့်ရယ် ကျောင်းသားဘဝက ပျော်ရွှင်စရာကောင်း လာခဲ့သည်။

သူမရဲ့ဆရာမတွေနဲ့အတန်းဖော်တွေက အလွန်ပဲသဘောကောင်းကြသည်။ သူမတို့ အားကစားကျောင်းကိုဝင်ကာခါစက သင်ရိုးပြဌန်းတွေသင်ရသေး၏။ ဒါပေမယ့် အကုန်လုံးက ပြိုင်ပွဲကိုပဲ ပူပန်နေကြသဖြင့် မည်သူမှ သိပ်အာရုံမစိုက်နိုင်။ ကုန်ကုန်ပြောရရင် သင်ရိုးသင်ခန်းစာတွေကို သင်ရတဲ့အချိန်က လျော့ပါးလာခဲ့သည်။

ယခုတိုင် သူမ ကျောင်းနေရတာကို သဘောကျတုန်းပဲ။ သူမရဲ့ကျောင်းတွေအကုန်လုံးက ယုကျင်းရွှမ်ရဲ့ ကျောင်းလောက် ကြီးလည်းမကြီးသလို လှလည်းမလှပေဘူး။

မကြာခဏဆိုသလို ထူးဆန်းတဲ့အကြည့်တွေရတတ်ပေမယ့် လင်းမြောင်က သူတို့ကို သတိမထားမိ။ နှင်းတွေကိုသာ အာရုံစိုက်မိနေလေသည်။ သူမ နှင်းလူသားလုပ်ဖို့ တွေးနေလေသည်။ ဒါပေါ့ ဒီနေရာမှာတော့ မဖြစ်ဘူးပေါ့။ လူတွေအများကြီးပေမယ့် နှင်းလူသားတွေ တစ်ခုမှမရှိလေဘူး။ ထို့ကြောင့် ဒီနေရာမှာ တားမြစ်ကန့်သတ်ထားတယ်လို့ ထင်လိုက်မိသွား၏။

ရုတ်တရက်  ယုကျင်းရွှမ်ဆီသို့ လူစုအနည်းအငယ် ရောက်လို့လာသည်။ “ယုကျင်းရွှမ် အခုမှပဲမင်းကိုရှာတွေ့ တော့တယ်၊ ငါတို့ နှင်းလျှောစီးဖို့ သဘောတူထားကြတယ်လေ ဒါပေမယ့် ငါတို့ မင်းကိုရှာမတွေ့လို့”

||Completed|| ကိုကို့ကို သက်တမ်းတစ်ဝက်ပေးမယ် (ဘာသာပြန် )Where stories live. Discover now