(Zawgyi) Chapter 1

6.3K 251 0
                                    

Zawgyi

အလုပ်သွားမယ်

တောင်ပေါ်ရွာလေးရဲ့ နံနက်ချိန်ခါဝယ် မြူနှင်းမှုန်များကာရံလို့ နှင်းစက်နှင်းပေါက်တို့ ထူထဲစွာကျဆင်းနေသည်။ တောင်ပေါ်၌ များစွာသော ကလေးသံလေးများ ထွက်ပေါ်နေလေရဲ့။

"ဆွေ့ဆွေ့ နင့်မောင်လေး နေမကောင်းဖြစ်နေတာ သက်သာလာပြီလား"

"မသိပါဘူးဟာ၊ ဖေဖေကခုထိပြန်မခေါ်လာသေးဘူး"

သစ်ရွက်ပုံကိုထိုးဆွ၍ မှိုပွင့်တွေကိုခူးဆွတ်ရင်း ကလေးမလေးက ပြန်ဖြေလိုက်၏။

"ဒါပြီးရင် နင်စာသင်ဖို့  မြို့ကို သွားနေရအုန်းမှာလား "

တခြားကောင်မလေးတစ်ယောက်က မေးလာသည်။

လင်းမြောင်က
"ငါ့ အမေ့ကို မသွားတော့ဘူးလို့ပြောလိုက်ပြီ၊ မြို့မှာစာသင်ရတာ ပိုက်ဆံအရမ်းကုန်တယ်ဟ၊ ရွာမှာပဲ နင်တို့နဲ့ ကျောင်းအတူတက်တော့မယ်၊ ဒါဆိုငါ လမ်းအဝေးကြီးလျှောက်စရာလဲ မလိုတော့ဘူး"

ကလေးမလေးတွေဟာ စကားတွေပြောကြရင်း ပိုပိုကာ ပျော်ရွှင်မြူးထူးလာကြလေတော့သည်။

မှိုတွေခူးပြီးကြသည့်အခါ လင်းမြောင်နှင့်သူငယ်ချင်းတစ်သိုက်ဟာ ဘောင်းဘီတွေရွှဲရွှဲစိုလျက် တောင်ပေါ်မှ ပြန်ဆင်းလာခဲ့ကြသည်။ ကျောပေါ်မှာလည်း ကြီးမားသည့်ထင်းစည်းကြီးတွေ သယ်ပိုးလာကြသေး၏။ မှိုတွေအပြည့်အမောက်ထည့်ထားသော ကျောပိုးပလိုင်းရဲ့အပေါ်တွင် ထင်းစည်းတွေကို အလျားလိုက်တင်ကာ နွယ်ကြိုးတွေဖြင့် ချည်နှောင်ထားသည်။ အနက်ရောင်မှိုက မီးမှိုလို့ခေါ်ပြီး အဖြူရောင်မှိုက ထုံးမှိုဟုခေါ်သည်။ အဝါရောင်မှိုက ထင်းရှူးမှိုဖြစ်ကာ ငရုပ်သီးလက်တစ်ဆုပ်ပစ်ထည့်ပြီး ထမင်းဖြင့်ရောစားလျှင် အကောင်းဆုံးဖြစ်သည်။

လင်းမြောင်ခင်မျာ မနက်စာမစားပဲ ထွက်လာခဲ့ရသည်မလို့ ယခုတွင် တော်တော်လေး ဗိုက်ဆာနေချေပြီ။ ဦးနှောက်တစ်ခုလုံး၌ အရင်က စားခဲ့ဖူးသည့် မှိုအစပ်ကြော်အကြောင်း တွေဖြင့်ပြည့်နေ၏။ ထိုစဉ်တုန်းက ထမင်းဖြင့်ရောနယ်ကာ စားခဲ့ခြင်းဖြစ်ပြီး ပါးစပ်ထဲတွင် ငရုတ်သီးနှင့်မှိုရနံ့လေး၊ ထမင်းရဲ့အရသာတို့ဖြင့် ပြည့်လျှမ်းလို့နေခဲ့သည်ကိုး…

||Completed|| ကိုကို့ကို သက်တမ်းတစ်ဝက်ပေးမယ် (ဘာသာပြန် )Where stories live. Discover now